သရုပ်ဆောင်အာကာဟိန်း ကလည်း လှူဒါန်းခဲ့ပါသေးတယ်။
Sabal Thwin

ဦးကျော်သူက သရုပ်ဆောင်အိချောပို နဲ့ သရုပ်ဆောင်အာကာဟိန်းတို့ရဲ့ ကုသိုလ်အလှူအတွက် ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။ အိချောပိုကလည်း နာရေးကူညီမှုအသင်းအတွ်အလှူငွေ ၅ သိန်းကျပ် လှူခဲ့တာကို တွေ့ရပါတယ်။

Photo: Kyaw Thu

သရုပ်ဆောင်ကျော်သူက နာရေးကူညီမှုအသင်းမှာ အလှူအတန်းတွေ လုပ်ခဲ့တဲ့ ‘’ဒဏ္ဍာရီပင်လယ်’’ ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ အိချောပို နဲ့ ငမန်း အဖြစ် သရုပ်ဆောင်ခဲ့သူ အာကာဟိန်း တို့ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’ကျွန်းပြန်နှစ်ဦးရဲ့ထူးခြားသည့် ကောင်းမှု။ ယနေ့တနင်္ဂနွေနေ့နံနက်၈:၀၀နာရီတွင် "ဒဏ္ဍာရီပင်လယ်"ရုပ်ရှင်ဇာတ်ကားမှ ငမန်းအဖြစ်သရုပ်ဆောင် အာကာဟိန်း(ခ) သွေးသစ်မှ ကျွန်တော်အတွက် မြိတ်ကပ်ကျီးကိုက်နှင့် ဂဏန်းဟင်း လာရောက်အဟာရဒါနပြုခဲ့ကာ နံနက်(၁၀:၀၀)နာရီတွင်(ရေသူမလေး ) အိချောပိုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက်အလှူ ငွေငါးသိန်းကျပ်အပြင် ကျွန်တော့်အား သရက်သီးသေတ္တာဖြင့် လာရောက် ကျေးဇူးတင်ဂါရဝ ပြုကန်တော့ခဲ့ပါသည်’’ ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Kyaw Thu

နာရေးကူညီမှုအသင်းကို လာရောက်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေအတွက် ဦးကျော်သူက ဆုတောင်းစကားပြောခဲ့ပါသေးတယ်။ အဲဒီနောက် ‘’ဒဏ္ဍာရီပင်လယ်’’ရိုက်ကူးခဲ့ကြတာကြောင့် အသားမည်းသွားကြတယ်လိ့ုလည်း စနောက်ခဲ့ကြပါသေးတယ်။

‘’ထူးခြားတိုက်ဆိုင်စွာ ယနေ့တွင် ငွေဆောင်ကမ်းခြေတွင်တစ်လနီးပါးရိုက်ကူးခဲ့ရ၍ အသားအရေများမဲလာကြသည့်အတွက် "အသားမဲမဲ ကျွန်းပြန်သုံးဦးတွေ့ဆုံပွဲလေး" ပင်ဖြစ်ခဲ့ရသည်။ လှူဒါန်းကုသိုလ်အစုစုကြောင့်ကျန်းမာသက်ရှည်စွာဖြင့် အသန့်ရှင်းဆုံး အဖြူစင်ဆုံးစိတ်ထားဖြင့် အနုပညာနှင့် မိဘဆွေမျိုး ပရိသတ်များအား ကျေးဇူးဆပ်နိုင်သော ထူးချွန်ထက်မြတ်ကြသည့် အနုပညာရှင်များဖြစ်ကြပါစေဟု မေတ္တာပို့သဆုမွန်ကောင်းပေးလိုက်ပါသည်။ ( ကျော်သူ)’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Kyaw Thu

ဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဝသုနြေ္ဒရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာ အဖြစ် ဧပြီလကုန် မေလ ဒုတိယပတ်အထိ ချောင်းသာကမ်းခြေမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ် အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင်၊ အာကာဟိန်း၊ ခင်မို့မို့အေး၊ မင်းသမီး အိချောပိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။


က္က