ဦးကျော်သူက ဒါရိုက်တာအဖြစ်ရိုက်ကူးသွားမှာပါ။

ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ‘’ဒဏ္ဍာရီပင်လယ်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အိချောပိုကို ရေသူမလေးတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။


Photo: Kyaw Thu

ဒါရိုက်တာ ကျော်သူက ‘’ဒဏ္ဍာရီပင်လယ်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် အိချောပိုကို ရေသူမလေး ကာရိုက်တာနဲ့ ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဧပြီလကုန်လောက်မှာ ရိုက်ကူးသွားမှာပါတဲ့။

‘’ရေသူမလေးအတွက် ထိပ်တိုက်ညှိနှိုင်းပြီ။ ယနေ့ဧပြီလကုန် ပင်လယ်ကမ်းခြေတစ်နေရာတွင် ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာအဖြစ်သွားရောက်ရိုက်ကူးမည်ဖြစ်သော ဝသုနြေ္ဒရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးဝေသစ်၏ "ဒဏ္ဍာရီပင်လယ်" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဇာတ်ညွှန်းရေးသားသူ သမီးမြတ်ကျော်၊ Special ဒီဇိုင်နာ မိတ်ကပ်ကိုအောင်ကျော်ထွန်းနှင့်အဖွဲ့၊ မှတ်တမ်း ထွန်းထွန်းဦး၊ Story Board ကိုလူဇော်၊ ရှုတင်မန်နေဂျာ ကိုအောင်သူ၊ သရုပ်ဆောင်မင်းသား အလင်းရောင်၊ ထွန်းကိုကို၊ ပြေဇင်၊ ခင်မို့မို့အေး၊ မင်းသမီး အိချောပိုနှင့်အတူ ဝတ်စားဆင်ယင်မှုဒီဇိုင်းတိုင်းတာခြင်း၊ ဇာတ်လမ်းဇာတ်ညွှန်းဆွေးနွေးညှိနှိုင်းခြင်းတို့အပြင်ဓါတ်ပုံ ဘိုနီ၊ G3 တို့ မှ မှတ်တမ်းရိုက်ကူးခြင်းတို့ကို ပြုလုပ်ပြင်ဆင်ခဲ့ပါသည်’’ ဆိုပြီးတော့ ဧပြီလ ၁၀ ရက်နေ့ ညနေ ၅ နာာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: Kyaw Thu

ဦးကျော်သူဟာ မကြာသေးခင်ကပဲ အောင်ပန်းမြို့မှာ ‘’ဂမ္ဘီရ မျက်လုံး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် Star Awards ဆုပေးပွဲမှာလည်း Best TV Series Director Award ဆုကို ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲ နဲ့ ရရှိခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းတွဲကတော့ သူ့အတွက် ပထမဆုံးရိုက်ကူးပုံဖော်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

ဦးကျော်သူ(Kyaw Thu)က ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေလည်း ရုပ်ရှင်ကားကြီးတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


Photo: Kyaw Thu

သရုပ်ဆောင် အိချောပိုကတော့ အနုပညာပျိုးခင်း ၁ ရဲ့ စင်တင်မင်းသမီးတစ်ယောက် အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ သူမဟာ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားများစွာကိုလည်း ရိုက်ကူးနေရတာဖြစ်သလို ပရိသတ်အခိုင်အမာနဲ့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အိချောပို နဲ့ ဦးကျော်သူတို့ဟာ အခုမှ ပထမဆုံးအကြိမ် အနုပညာအလုပ် အတူတူတွဲလုပ်တာကို ''ဒဏ္ဍာရီ ပင်လယ်''ရုပ်ရှင်ကားကြီး ကနေတဆင့် မြင်တွေ့ရမှာပါ။



က္က