Ei Ei Myat

အငြိမ့်မင်းသမီးလေး တင်ဇာမိုးဝင်းကတော့ ဂျပန်မှာ သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ဇူလိုင်(၂၀) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

 

Photo : ကိုသာဖြိုး

ခင်ပွန်းနဲ့အတူ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ အငြိမ့်မင်းသမီးလေး တင်ဇာမိုးဝင်းက ဇူလိုင်(၂၀) ရက်နေ့မှာ သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ တင်ဇာမိုးဝင်းတစ်ယောက် သားဦးလေး မွေးဖွားလိုက်ပြီဆိုတဲ့အကြောင်းကို တင်ဇာမိုးဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုဖြိုးဝေလှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၀) ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

Photo : ကိုသာဖြိုး

သဘင်လောကမှာ အောင်မြင်မှု ရရှိထားတဲ့ သူမဟာ ကိုယ်ဝန်ရရှိချိန်ကတည်းက ခင်ပွန်းနဲ့အတူ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သွားရောက်နေထိုင်နေတာ ဖြစ်ပါတယ်။ စံပြသဘင်မျိုးဆက်လေးကို ပရိသတ်တွေကလည်း ချစ်မဝ ဖြစ်လို့နေကြသလို သရုပ်ဆောင်၊ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းကလည်း တူလေးကို ချစ်မဝ ဖြစ်လို့နေပါတယ်။

Photo : ကိုသာဖြိုး

သားဦးလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ တင်ဇာမိုးဝင်းနဲ့ ခင်ပွန်းသည်ကိုဖြိုးဝေလိှိုင်တို့လည်း ဝမ်းသာပီတိဖြာလို့နေပါတယ်။သားလေးကလည်း ချစ်စရာလေးပါ။ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ တင်ဇာမိုးဝင်းလေးက အခုဆိုရင် သူမတို့ အရမ်းလိုချင်တဲ့ ရင်သွေးလေးကိုပါ ရရှိထားပြီ ဖြစ်တာကြောင့် အရမ်းကိုပျော်လို့နေပါတယ်။

Photo : ကိုသာဖြိုး

ဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်းတို့ဟာ ချစ်သူသက်တမ်း (၂)နှစ်ကျော်ကြာ လက်တွဲခဲ့ပြီး ၂၀၁၆ခုနှစ် ဇွန်လ(၁၉) ရက်နေ့ မှာ ရန်ကုန်မြို့ မင်းကွန်းတိပိဋက ရွှေရတုကျောင်းကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က