သမီးလိမ္မာလေးနော်။

သရုပ်ဆောင်  ဘေဘီမောင်ကတော့ အိမ်အကြီးကြီးနဲ့နေဖို့ ပိုက်ဆံစုနေပါတယ်တဲ့။ အဲဒါကြောင့် ရာသီဥတုပူနေပေမယ့်လည်း ခရီးတွေ မထွက်နိုင်သေးဘူးတဲ့။

Photo : ဘေဘီမောင်



ရာသီဥတု ပူနေပေမယ့်လည်း အေးတဲ့နေရာတွေကိုလျှောက်သွားပြီး မုန့်တွေစားနေတယ်လို့ ဘေဘီမောင်က ပြောပါတယ်။ ခရီးတွေ သွားချင်ပေမယ့်လည်း အိမ်အကြီးကြီးနဲ့နေဖို့ ပိုက်ဆံစုနေတာကြောင့် ခရီးတွေ မထွက်ဖြစ်သေးဘူးတဲ့။

ပူတယ် အိမ်မှာမနေဘူး အေးတဲ့နေရာတွေပဲလျှောက်သွားမယ် မုန့်စားမယ် ခရီးတွေတော့ မထွက်သေးဘူး အိမ်ကြီးကြီးနဲ့နေဖို့ ပိုက်ပိုက်စုနေလို့ ခ်ခ် စိတ်ချမ်းသာ" ဆိုပြီး ဧပြီ(၂၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဘေဘီမောင်

ဘေဘီမောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို အားတဲ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လိုက်စားနေတာ တွေ့ရပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ သမီးလေးလိမ္မာလေး ဖြစ်ပြီး သူမဝါသနာပါရာ အနုပညာလုပ်ငန်းနဲ့မိဘကို ပြုစုနေသူလည်း ဖြစ်ပါတယ်။

ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေပါတယ်။  ဘေဘီမောင်က Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။

ရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က