ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးကြမယ်လို့ဆိုပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့် ကတော့ ခင်ပွန်းဖြစ်သူ အောင်သူအတွက် မင်္ဂလာသက်တမ်း (၂) နှစ်ပြည့် အမှတ်တရ စကားတွေ ပြောလာပါတယ်။ 

Photo: Poe Ei Ei Khant



သရုပ်ဆောင် ပိုးအိအိခန့်နဲ့ ခင်ပွန်းဖြစ်သူ ဘောလုံးအားကစားသမား အောင်သူတို့ဟာ မေလ (၃၁) ရက်နေ့က အိမ်ထောင်သက်တမ်း နှစ် နှစ်တိုင်ရှိပြီလို့ သိရပါတယ်။ ခင်ပွန်းအတွက် မင်္ဂလာနှစ်ပတ်လည် အမှတ်တရ စကားလေးတွေကို ပိုးအိအိခန့်က အခုလို ပြောပြထားပါတယ်။ 

" မေ ၃၁ လွန်ခဲ့တဲ့ ၂ နှစ်မှာ ၂ ယောက်လုံး ဘဝခရီးလမ်းကို အတူတူလျှောက်ဖို့ ဆုံးဖြတ်ချက်တွေ ခိုင်ခိုင်မာမာချပြီး တရားရုံးရှေ့မှောက် လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးခဲ့တာ အခုဆို သားလေးတစ်ယောက်တောင်ရပြီပေါ့လား။ Happy 2 Years Anniversary ပါနော်ယောင်္ကျား။ အခုထက်ပိုပြီး ပျော်ရွှင်သာယာတဲ့ဘဝကို နှစ်ယောက်အတူ ဖန်တီးပြီး လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ယောကျာ်းရေ။ အမြဲတမ်း မိန်းမစကားကို အလေးထားပြီးတန်ဖိုးထားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။ ဟိုတုန်းက ထက်ပိုချစ်တယ်နော် ကလေးအဖေ" ဆိုပြီးတော့ မေလ (၃၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ သားလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ သားလေးကိုတော့ "သွင်ဦးဟန်" လို့ နာမည်ပေးထားပြီး အိမ်ခေါ် နာမည်ကိုတော့ ချစ်စနိုးနဲ့ ကိုးကိုး လေး လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ 

Photo: Poe Ei Ei Khant

ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ဘန်ကောက်မှာ နေထိုင်ရတာဖြစ်တဲ့အတွက် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က