မေလ (၂၈) ရက်နေ့မှာ ပြည့်သွားတယ်လို့ သိရပါတယ်။

ဇာနည်ကတော့ ချစ်ဇနီးချောလေး ကြည်လဲ့လဲ့ဦးအတွက် အိမ်ထောင်သက်(၁၆) နှစ်ပြည့် အမှတ်တရ စကားတွေ ပြောပြလာပါတယ်။ 

Photo: Zar Ni Htay



သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံကတော့ ၂၀၂၀ ခုနှစ် မေလ (၂၈) ရက်နေ့မှာ အိမ်ထောင်သက်တမ်း (၁၆) နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဇနီးအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေ မပြောင်းလဲဘူးဆိုတာကိုလည်း ဇာနည်က ပြောပြလာပါတယ်။ 

"Happy Anniversaryပါ မိန်းမ။ လွန်ခဲ့တဲ့(၁၅) နှစ်ကလည်း...ဒီနေ့အတိုင်း...?မနက်ဖြန်အတွက်ကို...ဒီနေ့လိုပဲရင်ခုန်ခဲ့မိပါတယ်။ အခုတော့...အိမ်ထောင်သက်လည်း( ၁၆ ) နှစ်ပြည့်ပါပြီ။ အရင်ကထက်လည်း ပိုချစ်ပြီး မနက်ဖြန်အတွက်ကိုလည်းအရင်ကထက်ပိုရင်ခုန်မိနေပါသည်" ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Zar Ni Htay

သရုပ်ဆောင် ဇာနည်နဲ့ သရုပ်ဆောင် ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံဟာ ၂၀၀၄ ခုနှစ် မေလ ၂၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သားနှစ်ယောက် သမီးတစ်ယောက် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင် စီးပွားရေး အနေနဲ့ MR.POEM FOOD AND DELIVERY SERVICE နဲ့ အတူ ဒေါ်ဂူးလက်ရာ ဆိုတဲ့ စားသောက်ကုန် လုပ်ငန်းလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ 

Photo: Ar Gu

ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးကတော့ သရုပ်ဆောင်တွေဖြစ်ကြပါတယ်။ ဗီဒီယို ခေတ်တုန်းက ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးခဲ့ကြရသူတွေဆိုရင်လည်း မမှားပါဘူး။ ဇာနည် ကိုတော့ ဗီဒီယို ဇာတ်ကားတွေ၊ Music Video တွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ကြည်လဲ့လဲ့ဦးကတော့ တစ်ချိန်က ကြော်ငြာမင်းသမီးလေး အဖြစ် ပရိသတ်တွေက ပိုအားပေးခဲ့ကြပါတယ်။ ဗီဒီယိုဇာတ်ကားနဲ့ Music Video တွေ များစွာမှာလည်း ပါဝင်သရုပ်ဆောင်ရတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က