ချစ်စရာကောင်းတဲ့ သမီးလေး ကုကု ကိုပိုင်ဆိုင်ထားပါပြီ။

ကောင်းခန့် နဲ့ ဇနီးဖြစ်သူ ရှုပါတို့ဟာ အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီ ၃ နှစ်အတွင်းမှာလည်း ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Photo: Kaung Khant

သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါတို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီးကြပြီလို့ သိရပါတယ်။ အခုဆိုရင်လည်း သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေး ကြာဖြူကောင်းခန့်ကလည်း အသက် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

‘’မနေ့က 3years Anniversary လေးပေါ့။ ကြာဖြူလေးမွေးနေ့နဲ့ တူနေတော့ ခုမှပဲ သတိရနိုင်တော့တယ်။ မမေ့နိုင်တဲ့ အမှတ်တရထဲမှ ဘဝအစမှတ်တမ်းပါ’’ ဆိုပြီးတော့ သရုပ်ဆောင်ကောင်းခန့်ရဲ့ ဇနီးချောလေး ရှုပါရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၅ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲတုန်းက အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Celebrity

သမီးလေး ကိုတော့ ၂၀၁၇ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သမီးလေး ကြာဖြူကောင်းခန့်ဟာ ဇူလိုင်လ ၁၇ ရက်နေ့မှာ အသက် ၂ နှစ်ပြည့်ခဲ့တာကြောင့် ဖေဖေ နဲ့ မေမေက မွေးနေ့ဆုတောင်းစကားကို အခုလို ပြောပြထားပါသေးတယ်။

‘’HAPPY BIRTHDAY မကြာဖြူလေး။ သမီးလေး ရဲ့ 2နှစ်ပြည့် မွေးနေ့ မှ စပြီး..နှစ်ပေါင်းများစွာ ကျန်းမာ သန်စွမ်းပြီး သူတော်ကောင်းများနဲ့သာတွေ့ပါစေ။ ကုလေးရေ မေမေက သမီးနေထိုင်မကောင်းရင်အရူးလို ဖြစ်ဖြစ် နေလို့.. ကျန်းမာစွာ ကြီးပြင်းပါစေလို့ပဲ ဆုတောင်းမယ်နော်။ သမီး ဘဝအေးချမ်းသာယာဖို့ကတော့ ပါးနဲ့မေမေနဲ့ တာဝန်ပဲဆိုတော့ ထွေထွေထူးထူး ဆုတောင်းမပေးတော့ဘူး’’ ဆိုပြီးတော့လည်း ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းက ဖေဖေ ကောင်းခန့်နဲ့ မေမေ ရူပါတို့က သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားပြောခဲ့ကြပါတယ်။

Photo: Kaung Khant

ချစ်သူ သက်တမ်း ၁၀နှစ် တွဲခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတဲ့ သရုပ်ဆောင်ကောင်းခန့်နဲ့ မရူပါ တို့ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အိမ်ထောင်သက်တမ်း ၃ နှစ်ပြည့်ခဲ့ပါပြီ။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာပဲ သမီးဦးလေး ကြာဖြူကောင်းခန့်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးလေးကလည်း အခုဆိုရင် အသက် ၂ နှစ်ရှိပါပြီ။

Share

Loading Next Article...
က္က