ဇာတ်ကားရိုက်နေတာ မပြီးသေးဘူးထင်ပါတယ်။

ဒုတိယဝါဆိုလပြည့်နေ့မှာ မိသားစုနဲ့အတူ ဘုရားဖူးခဲ့ပေမယ့်လည်း မိသားစု အိမ်ပြန်သွားချိန်မှာ သက်မွန်တစ်ယောက် အိမ်ကို လွမ်းလို့နေပါတယ်။ သူမက လက်ရှိမှာ "ချည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။



Photo : သက်မွန်မြင့် FB

 

သရုပ်ဆောင်သက်မွန်မြင့်ဟာ လက်ရှိမှာ "ချည်" ဆိုတဲ့  ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ရိုက်ကွင်းက ရန်ကုန်မှာ မဟုတ်တဲ့အတွက် သက်မွန်တစ်ယောက် အိမ်ကိုလွမ်းလို့နေပါတယ်။ ဒီနေ့(ဇူလိုင်၂၇ရက်) ဒုတိယဝါဆိုလပြည့်နေ့မှာ သက်မွန်မြင့်ဟာ မိသားစုနဲ့အတူ ဘုရားဖူးပြီး ကလေးတွေ ရန်ကုန်ပြန်ချိန် လေဆိပ်ကို လိုက်ပို့ပေးရခဲ့တယ်လိုု့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo : သက်မွန်မြင့် FB

 

"ဒုတိယ ဝါဆိုလပြည့်နေ့!ရှုတင်မသွားရခင် လေဆိပ်မပို့ရခင် အသည်းအသန် ဆွမ်းကပ် ဘုရားပန်းလှု ပုတီးစိပ်!ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ။ကလေးတွေ ပြန်တော့ လွမ်းကျန်ခဲ့ မိုးရယ် ရွာပါနဲ့တော့ အိမ်ပြန်ချင်ပြီ" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၇) ရက်နေ့ ရေးသားထားတာပါ။

Photo : သက်မွန်မြင့် FB

သက်မွန်မြင့်အတွက် မွေးနေ့ surprise လုပ်ပေးခဲ့တဲ့ နေတိုး

သက်မွန်မြင့်အနေနဲ့ သားသမီးတွေကိုငဲ့ပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှားပါဘူး။

အနုပညာကို ချစ်ခင်တဲ့သူမက ကလေးတွေရလာတဲ့အချိန်မှာ သူမချစ်တဲ့ အနုပညာကို ခဏတာ စွန့်လွှတ်လိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အခုဆိုလည်း ကလေးတွေကို ပြုစုရင်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပေမယ့်လည်း ကလေးတွေနဲ့ အချိန်လုပြီး ဖြတ်သန်းနေရတဲ့သူမရဲ့ မိခင်ဘဝလေးကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။

Photo : သက်မွန်မြင့် FB

 

"မိခင်ဘဝက တစ်ကယ်တော့ မလွယ်ပါဘူး။ သူတို့လေးတွေ ကိုယ်ဝန်စရှိတဲ့အချိန် လူဖြစ်ဖို့စကတည်းက ကိုယ်တွေမှာ အများကြီး ပြောင်းလဲ ရတာတွေ ရှိတယ်။ ကိုယ့်ဘဝတစ်ခုလုံးကိုပေးလိုက်ရတယ် သက်မွန်ဆို အနုပညာသမားတစ်ယောက် ကလေးမွေးနေ့တဲ့ အချိန်မှာ ကိုယ် ချစ်တဲ့ အနုပညာအလုပ်ကို စွန့်လွှတ်လိုက်ရတယ်။ကိုယ်လွမ်းတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး ကိုယ်က ကလေးလိုချင်တယ်။ ကလေးချစ် တယ်။ သူတို့ရဲ့ ရယ်သံလေးတွေ ကြားရရင် ကိုယ်ပင်ပန်းသမျှတွေ အကုန်လုံးမေ့သွားတာပဲ။" လို့ ဆိုပါတယ်။

Photo : သက်မွန်မြင့် FB

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က