ပြုံးချို ရုပ်ရှင်ကားကြီးရိုက်ကူးနေပါတယ်။

မအေးသောင်းကိုတော့ ‘’ပြုံးချို’’ရုပ်ရှင်ဇာတ်ကားထဲမှာ အငြိမ့်မင်းသမီးလေး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မေမြို့မှာ ရိုက်ကူးနေတာပါ။

Photo: Aye Thaung



မအေးသောင်းက လက်ရှိမှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ‘’ပြုံးချို’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတာပါ။ ဒီဇာတ်ကားထဲမှာ မအေးသောင်းကို အငြိမ့်မင်းသမီးလေး အသွင် မြင်ရဦးမယ်လို့ ဆိုပါတယ်။

’လွမ်းတာပေါ့ သိပ်လွမ်းတာပေါ့။ တစ်ခါတလေလည်း မလွမ်းချင်ယောင်ဆောင်ထားမိတာပါပဲ။ မိတ်ကပ်တွေ သနပ်ခါးတွေ မလိမ်းပဲ မျက်နှာပြောင်နဲ့ အမြဲနေလို့မရသလိုပေါ့။ တစ်ခါတလေ အခြေအနေ အချိန်အခါကိုကြည့်ပြီး မီးစင်ကြည့်ကခဲ့ရတဲ့ဘဝမျိုးဆိုတာလည်း သိပ်ရှိခဲ့တာပေါ့ကွယ်’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: Aye Thaung

ပြုံးချို ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် မြင့်မြတ်၊ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်း၊ စမိုင်း နဲ့ ခင်လှိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်နေကြတာပါ။ ဒီဇာတ်ကား ကိုတော့ မေမြို့မှာ ဇွန်လ ၉ ရက်နေ့က စတင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်နေ့ အထိ ရိုက်ကူးနေတုန်းဖြစ်ပါတယ်။

Photo: Aye Thaung

မအေးသောင်းကတော့ ပရိသတ်တွေအတွက် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို မကြာခင် ပရိသတ်ဆီ အရောက်ပို့ဖို့ ကြိုးစားပြင်ဆင်နေပါတယ်တဲ့။ 

‘’ချစ်ပရိတ်သတ်တွေအတွက်ဟာကနဲ၊ ဟင်ကနဲ ဖြစ်လောက်တဲ့ သီချင်းတစ်ပုဒ်ကို ချပြတော့မှာပါလို့ မအေးသောင်းကပြောတယ်။ သီချင်းအကြမ်းတော့သီဆိုလို့ ပြီးသွားပါပြီ Studio အပိုင်းလောက်ဘဲကျန်ပါတော့တယ်။ ဇွန်လကုန်၊ ဇူလိုင်လလောက်တော့ ပရိသတ်ဆီကိုချပြမှာပါ’’ လို့မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ဖူးပါတယ်။

တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ် 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က