နောက်ထပ် စီနီယာအနုပညာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ခင်သဇင်ကတော့ အိန္ဒြာကျော်ဇင်နဲ့ ရုပ်ရှင်ကားကြီးအတူတွဲရိုက်ရလို့ အရမ်းပျော်နေတာ တွေ့ရပါတယ်။ သူမရဲ့ မိခင်သာရှိဦးမယ်ဆိုရင် အားရပါးရ ကြွားလိုက်ချင်ပါတယ်တဲ့။ 

Photo: Khin Thazin



ခင်သဇင်ကတော့ အနုပညာအလုပ်တွေ မလုပ်ခင်ကတည်းက ကိုယ်တိုင်အားပေးခဲ့ရတဲ့ သရုပ်ဆောင်က အိန္ဒြာကျော်ဇင်ပါတဲ့။ အခုလည်း "နတ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ အတူတူ သရုပ်ဆောင်ခွင့်ရလို့ အရမ်းပျော်နေတဲ့အကြောင်းတွေ ပြောလာပါတယ်။ 

"ငယ်ငယ်ကတည်းက သူမရဲ့ ဇာတ်ကားတွေ နဲ့ ကြီးပြင်းခဲ့ရတယ်။ သူမ က ကျွန်မ ငယ်စဉ်တည်းက ရူးသွပ်ခဲ့ရသူ တစ်ဦးပါပဲ။ သူမ ကို ချစ်တဲ့ စိတ်ဖြစ်နေတာ ကြာခဲ့ပြီမို့လား မသိ၊ နမ်းခွင့်ရခဲ့တဲ့ အချိန်မှာ ရင်တစ်ချက်တောင်လှိုက်ခနဲခုန်မိပါရဲ့။ ရူးသွပ်ခဲ့ရတဲ့ သူမနဲ့ အတူ ကင်မရာ တစ်လုံး ရဲ့ အရှေ့မှာ အလှတွေ ခုလို ပြင်ပြီး သရုပ်ဆောင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးထင်မထားခဲ့မိဘူး။ ခုလို မြန်မာနိုင်ငံ မဟုတ်ပဲ ဘာလီ ကမ်းခြေအထိ အတူလာရ လိမ့်မယ် လို့လည်း တစ်ခါမှ ထင်မထားခဲ့မိပါဘူး။ ဪ ....ဘဝ ဆိုတာတယ် လည်း ဆန်းကြယ်ပါလားနော်။ 

ဆုံးပါးသွားတဲ့ မေမေ့ကို လည်း ကြွားချင်လိုက်တာ မေမေရယ်" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Khin Thazin

လက်ရှိမှာတော့ ခင်သဇင်က "နတ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဘာလီကျွန်းမှာ သွားရောက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နိုင်းနိုင်း၊ ဖြိုးငွေစိုး၊ ခါရာ၊ အိန္ဒြာကျော်ဇင် နဲ့ မယ်လိုဒီ တို့လည်း ပါဝင်ပါတယ်။ "နတ်" ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့က စပြီး ရိုက်ကူးနေကြတာဖြစ်ပါတယ်။
 

Photo: Aung Ko Latt

ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ သူမဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့သူပါ။ ခင်သဇင်က အနုပညာအလုပ်လည်း လုပ်နေတာဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားရေးပါရဂူ ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က