မန်ယူကွင်းထဲ သွားရောက်လည်ပတ်ခဲ့တာပါ။

အားကစားကို ချစ်မြတ်နိုးတဲ့ အေးမြတ်သူကတော့ မန်ယူကွင်းထဲကို သွားရောက်လည်ပတ်ခွင့်ရလိုု့ ပျော်နေပါတယ်။ ဒါဟာ သူမရဲ့ ကလေးဘဝက အိပ်မက်တစ်ခုဆိုလည်း မမှားပါဘူးတဲ့။

Photo : အေးမြတ်သူ



သရုပ်ဆောင် အေးမြတ်သူက ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေ သွားနေတာပါ။ အင်္ဂလန်ကို ရောက်နေတဲ့ အေးမြတ်သူက အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာရှိတဲ့ မန်ယူအသင်းရဲ့ ကစားကွင်း အိုးထရက်ဖို့ဒ်ကွင်းဆီသို့ သွားရောက်လည်ပတ်နေတာ တွေ့ရပါတယ်။ ဒါဟာ ကလေးဘဝက တည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခုပါပဲလိုု့ ဆိုပါတယ်။

Photo : အေးမြတ်သူ

“တခါတလေ အိပ်မက်တွေက တကယ်ဖြစ်တယ်ဆိုတာ မှန်တယ်ချစ်သူ။ အင်္ဂလန်ပြည်က Manchester ကွင်းထဲကိုရောက်ဖူးချင်တာ ခလေးဘဝက တည်းကအိပ်မက်လို့ပြောရင် ချစ်သူက မင်းကဘောလုံးပွဲအကြောင်း ဘာနားလည်လို့လဲဆိုပြီးရယ်ဦးမယ်။ Ferguson ကိုမသိ၊ Rooney တို့ကိုမသိပေမယ့်လည်း အားကစားကိုချစ်မြတ်နိုးတဲ့ ကျွန်မအဖို့ ဒီနေရာကိုလာခွင့်ရှိတာပဲ။ ပြီးတော့လေ ချစ်သူရဲ့လက်ကိုတွဲ ကမ္ဘာပေါ်ကအားကစားမျိုးစုံကို အချစ်နဲ့အတူအားပေးချင်တယ်။ အထူးသဖြင့် လက်ဝှေ့ပွဲတို့ tennis ပွဲတို့ပေါ့ချစ်သူ” ဆိုပြီး ဇူလိုင်(၁၈)ရက်နေ့က သူမရဲ့ ေ့ဖစ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။

Photo : အေးမြတ်သူ

အေးမြတ်သူက လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေ သွားနေတာဖြစ်ပါတယ်။သူမက ခရီးတွေ သွားရတာကို ဝါသနာပါသူလည်း ဖြစ်ပါတယ်။ အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိခဲ့တာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။

Photo : အေးမြတ်သူ

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က