သူ့ရဲ့ Chillies လေးတွေ ပျော်နေမှာ။

နေခြည်ဦးက Air KBZ ရဲ့ Brand Ambassador တစ်ဦးဖြစ်လို့လာခဲ့ပြန်ပြီ။ အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေ ရလာတဲ့သူ့အတွက် သူ့ရဲ့ ပရိသတ်တွေကတော့ ပျော်နေပါတယ်။

Photo : နေခြည်ဦး



အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတွေ ရရှိလာတဲ့ နေခြည်ဦးဟာ အခုဆိုရင် နာမည်ကြီး Brand တွေတော်တော်များများရဲ့ Brand Ambassador လည်း ဖြစ်လို့လာခဲ့ပါပြီ။ ပြီးခဲ့သော ရက်ပိုင်းလောက်က Vivo V15 ရဲ့ Brand Ambassador ဖြစ်ခဲ့သလို Air KBZ ရဲ့ Brand Ambassador တစ်ဦးလည်း ဖြစ်ခဲ့ပါပြီ။ အဲ့အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပရိသတ်တွေပြောပြထားပါတယ်။

“ကျွန်မ နေခြည်ဦးပါ Air KBZ ရဲ့ Brand Ambassador ပါ “ ဆိုပြီး ဖေဖော်ဝါရီ(၂၈) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

Photo : နေခြည်ဦး

သူမရဲ့ Chillies လေးတွေကတော့ သူမရဲ့အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။ ထို့အပြင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရန်သူ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီ ဆန်ခါတင် စာရင်း(၂၅) ကားပါဝင်နေပြီဖြစ်တာကြောင့် သူမအနေနဲ့ အရမ်းကို ရင်ခုန်နေတယ်လို့လည်း ဆိုပါသေးတယ်။

“ နေခြည်အကယ်ဒမီအတွက် အရမ်းကို ရင်ခုန်နေပြီ။ နေခြည်ပါဝင်ထားတဲ့ ရန်သူကလည်း ဆန်ခါတင်စာရင်းထဲ ပါတယ်ဆိုတော့။ နေခြည်ဦးတစ်ယောက် အကယ်ဒမီပေးပွဲမှာ ဘာတွေလုပ်သွားဦးမလဲဆိုတာ ကြည့်ပေးဦးနော်”ဆိုပြီး ဖေဖော်ဝါရီ(၂၇) ရက်နေ့ညက ပရိသတ်တွေနဲ့ ပြောထားတဲ့ Live မှာ ပြောခဲ့တာပါ။

Photo : နေခြည်ဦး

နြေခည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာအလုပ်တွေလည်း လုပ်လို့နေပါပြီ။ သူမ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က