မိခင်ဖြစ်သူရဲ့ ဇာတိရွာလေးက ရွာဦးစေတီမှာ အလှူပြုပေးခဲ့တာပါ။

တက္ကသိုလ်ဂွမ်းပုံလေးဟာ သူမရဲ့ မိခင် နဲ့ အတူ အဘိုးအဘွားတွေ အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ပေးဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Goon Sein



ဇာတ်ပို့သရုပ်ဆောင် ဂွမ်းပုံလေးကတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ အဘိုးအဘွားနဲ့ မိခင်ဖြစ်သူအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုပေးနေတာ တွေ့ရပါတယ်။ မိခင်ဖြစ်သူရဲ့ ဇာတိရွာလေးက ရွာဦးစေတီ တော်မှာ လိုအပ်တာတွေ ဖြည့်ဆည်းပေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

"ကွယ်လွန်သူ ဖိုးဖိုး ဖွားဖွားနှင့် မေမေဒေါ်ယဉ်သန်း(ခ)မလေးပလောင် အားရည်စူး၍ မေမေ့ရဲ့ရွာလေးရှိ ဖိုးဖိုး၊ဖွားဖွား(7)ရက်သားသမီးများတည်ခဲ့သော ရွာဦးစေတီလေးအတွက် ဘုရားရင်ပြင်တော်ခင်းရန် ဘိလပ်မြေအိတ်(၅၀)၊ ကျောက်ပြား(၂၀၅၀)ချပ်၊နေပူခံကျောက်ပြား (၃၃၀)ချပ်၊ ကျောက်စရစ်ခဲ (၃)ကျင်း ကို မေမေ့ရွာ အရောက်ပို့ဆောင်လှူဒါန်းလိုက်ပါသည်။( မေမေ့တလပြည့်ဆွမ်းကျွေးလေးကို မေမေ့ရွာလေးမှာ သံဃာတော်(၁၁)ပါး၊ အားဆွမ်းကပ်ရေစက်ချလှူဒါန်းပါမည်။ မေမေကောင်းမွန်ရာဘုံဘဝမှကြည်နူးပီတိဖြင့်..သာဓုခေါ်ဆိုနှိင်ပါစေနော်" ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Goon Sein

သရုပ်ဆောင် ဂွမ်းပုံလေးရဲ့ မိခင်ကတော့ မေလ (၂၄) ရက်နေ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ Covid ကာလဖြစ်တာကြောင့် ဈာပနကိစ္စအဝဝကို နာရေးကူညီမှုအသင်းက ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး သူမကလည်း မိခင်ဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေ ချက်ချင်းလုပ်ခဲ့တာ တွေ့ရပါတယ်။ မေလ(၃၀) ရက်နေ့ တုန်းကလည်း မိခင်ဖြစ်သူအတွက် ရက်လည်ဆွမ်းကျွေး တရားနာကုသိုလ်ပြုပေးခဲ့ပါသေးတယ်။ 

Photo: Goon Sein

ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က