နောက်ထပ်အနုပညာရှင်တွေလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Sabal Thwin

မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အဆိုတော် ရသအတွက် လစဉ်ထောင်ဝင်စာသွားပေးနိုင်ဖို့ ဂီတမောင်နှမတွေက ကူညီပေးခဲ့ကြတာတွေကို အဆိုတော် ယုန်လေးက အခုလို ပြောပြလာပါတယ်။ 

အဆိုတော် ရသအတွက် လစဉ်ထောင်ဝင်စာသွားတွေ့ဖို့အတွက် အဆိုတော် ယုန်လေးက တာဝန်ယူထားတယ်လို့ သိရပါတယ်။ ရသကို ထောင်ဝင်စာသွားတွေ့တဲ့ အခါမှာ လိုအပ်မယ့် ငွေကြေးတွေကိုလည်း အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ နာမည်ကျော် အဆိုတော်များစွာတို့ကလည်း ရသအတွက် ကူညီပေးလာကြတယ်ဆိုတာကို ယုန်လေးက အခုလို ပြောပြထားပါတယ်။ 

" ကို စိုင်းစိုင်းခမ်းလှိုင် ငါကူတာ မပြောပါနဲ့ ကွာဆိုပြီး ၁၀ သိန်း ကူသွားပါတယ် ။ နောက်၂ ယောက် ငါတက်နိုင်သလောက်ကူတာ သူကြိုက်မှာ မဟုတ်ဘူး ထင်တယ် ဆိုပြီး Example ထွန်းထွန်း ၁သိန်း ၊ သက်အောင် ၅ သောင်း ကူသွားပါတယ် ။ သူရဲ့ အချစ်ဆုံး ညီမ တပည့်တွေလိုလည်း ပြောလို့ရပါတယ်။ အများကြီး ကူချင်တာပါ။ Covid မှာ အကုန် အဆင်ပြေသလိုဖြတ်သန်း နေရလိုပါဆိုပြီး စိတ်မကောင်းစွာနဲ့ Jenny ၂ သိန်း ၊ Ah Boy ၂ သိန်း၊ G Fatt ၃ သိန်း ကူသွားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ။ လို့ရသက ပြောပေးပါလို့ ပြောပါတယ် ခင်ဗျာ" ဆိုပြီးတော့ ဇူလိုင်(၂၆) ရက်နေ့ နေ့လယ်(၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Boys

အဆိုတော် ရသအတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့တဲ့ နောက်ထပ် အဆိုတော်တွေကတော့ အဆိုတော် စန္ဒီမြင့်လွင် ၊ နေဝင်း(Snare) ၊ ဖြိုးလေး (Snare)၊ ရတနာ (No အဖွဲ့) တို့က ငွေကျပ် (၁)သိန်းစီ ပေးအပ်ခဲ့တယ်လို့ ယုန်လေးက ပြောပြထားပါသေးတယ်။ အဆိုတော် ကျော်ထွဋ်ဆွေ၊ လင်းပင်ဟိန်းနဲ့ ဂျောက်ဂျက် တို့ကလည်း ရသအတွက် လိုအပ်တဲ့အချိန်တိုင်း အကူအညီတွေ ပေးခဲ့ကြတယ်လို့လည်း ဆက်လက် ရေးသားထားပါတယ်။ 

မူးယစ်ဆေးဝါးအမှု နဲ့ အဖမ်းခံရထားရတဲ့ အဆိုတော်ရသ(ခ)ရဲမင်းသိန်းအပါအဝင် ၃ ယောက်ကို မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီကျခံဖို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။ အဆိုတော်ရသ ဟာ မန္တလေးမြို့နယ်ရှိ အိုးဖိုထောင်မှာ ပြစ်ဒဏ်ကျခံနေရင်းကနေ ထောင်အပြောင်း အရွေ့ကြောင့် လက်ရှိ မြင်းခြံထောင်မှာ ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ ရသရဲ့ မိဘတွေကလည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တာကြောင့် ထောင်ဝင်စာသွားတွေ့ဖို့ အခက်အခဲ ရှိတဲ့အတွက် အဆိုတော်ယုန်လေးက ရသအတွက် လစဉ်ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ 

Photo: Yone Lay

ယုန်လေးဟာ အလှူ အတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ Covid ကာလအတွင်းမှာလည်း ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေး ဆေးရုံကြီးတွေမှာ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် COVID-19 ကာလမှာ စားဝတ်နေရေး ခက်ခဲမှုရှိနေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ တောင်ဒဂုံ က မိသားစုတွေ ဆီကိုလည်း စားနပ်ရိက္ခာတွေ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ 

ယုန်လေးကတော့ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ယုန်လေးက အနုပညာလောကထဲကို အဆိုတော် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ လက်ရှိအချိန်ထိလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ


Author


က္က