ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိနေတဲ့အချိန်။
Sabal Thwin

စန္ဒီမြင့်လွင်ကတော့ အသက်(၂၀) အရွယ်မှာ ဂီတအလုပ်နဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်နေစိတ်ထားတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Sandi Myint Lwin

အဆိုတော် စန္ဒီမြင့်လွင်ကတော့ အသက်ငယ်စဉ်က ဂီတအလုပ်တွေ လုပ်ခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြောလာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့် ရှိနေတဲ့ အချိန်လို့ ဆိုပါတယ်။ 

" အသက်နှစ်ဆယ်အရွယ် ကောင်မလေးကို ပြန်မြင်ယောင်နေတယ်။ အဲဒီရူတင်နေ့စွဲတွေကို ပြန်ရောက်သွားတယ်။ နုနယ်ခြင်း၊ စိတ်ဓါတ်တက်ကြွခြင်း ဘာမဆိုငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်ခြင်း ဘာသာတရားရဲ့ အဆုံးအမတွေနဲ့ မြတ်စွာဘုရားရဲ့တရားတော်တွေကို စတင်သက်ဝင်ယုံကြည်ခြင်း (အဲဒီအသက်မှာ ဘုရားတရား သေချာစလုပ်ဖြစ်လို့ပါ)အဲဒီကောင်မလေး အခုပြန်လိုချင်တယ် ပြန်ခေါ်ပေးကြပါ။ ဒီကာဗာလေးကရော အားလုံးရင်ထဲ ရောက်ခဲ့လား" ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ၁၀ စက္ကန့် အခွေထဲက ကာဗာ ပုံလေးကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ်ကားနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " ဆေးရောင်လှလှခြယ်ရအောင်" ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း "Queen" ၊ "ကလီယိုပါထရာ" ၊ "Papi" ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ ၊ စိုးပြည့်သဇင် တို့ရဲ့ ညီအစ်မ ဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ်။ သရုပ်ဆောင် ညီအစ်မတွေ ထဲမှာမှ သူမဟာ အဆိုတော် တစ်ယောက်အဖြစ် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမက အနုပညာသက်တမ်း (၁၅) နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ 

အခုဆိုရင်တော့ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်း ၂ နှစ်ကျော်လာ ရှိခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသောသမီးလေး ထရက်ရှာ(ခ) ခင်လင်းထင် နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က