ငွေဆိုတာ သူ့အတွက် အရေးကြီးတဲ့အရာမဟုတ်ပါဘူးတဲ့။

ဇေရဲထက်ဟာ အသက် ၅၀ ကျော်လာရင် သာသနာ့ဘောင်ထဲဝင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို ဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo: A Linn Young



ဇေရဲထက်ဟာ သူ့အတွက် အရေးကြီးဆုံးအရာကတော့ မေတ္တာတရားပါပဲတဲ့။ ဒါကြောင့် အသက် ၅၀ ကျော်လာတဲ့အချိန်မှာတော့ သာသနာ့ဘောင်ထဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

‘’ပိုက်ဆံ ကျွန်တော့်အတွက် အရေးသိပ်မကြီးဘူး ဘာလို့လည်းဆိုတော့ ကျွန်တော့််မှာ အရည်အချင်းရှိတယ်။ အဲ့ဒီအတွက် ပိုက်ဆံကရှာလို့ရတယ်။ မေတ္တာတရားကတော့ ငွေနဲ့ဝယ်ယူလို့မရသလို့ လုပ်ယူလို့လည်းမရဘူး။ မေတ္တာတရားက ကျွန်တော့်အတွက်အရေးကြီးတယ်။ အချစ်ဆိုတာ အခုထိ အယုံအကြည်မရှိဘူး။ စကားမစပ် အသက် ၅၀ကျော်ရင် သာသနာ့ဘောင်ထဲဝင်မယ် လိုက်မည်သူလက်ညှိုးထောင်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ကြားက သူ့ရဲ့ ပရိသတ်တွေအတွက် Skin Care ကောင်းကောင်းလေးကို ကိုယ်ပိုင် Brand တစ်ခုအနေနဲ့ထုတ်ရင် အားပေးမှာလားဆိုပြီး ပရိသတ်တွေကို မေးထားတာ တွေ့ရပါတယ်။ ယောကျ်ားလေးသုံး မိတ်ကပ်ပစ္စည်းတွေကိုလည်း ထုတ်ချင်ပါတယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

“Skin careကောင်းကောင်းသုံးချင်သူများအတွက် ကိုယ်ပိုင်brandလေး ထုတ်ရင်အားပေးမှာလား Side effect လုံးဝမရှိပဲ မျက်နာပေါပြစ်မျိုးမှည့်မထင်တဲ့ ကြည်လင်လှစေမည့် creamများယောင်္ကျားလေးသုံးမိတ်ကပ် ပစ္စည်းကိုလည်း ထုတ်ချင်ပါတယ်"”ဆိုပြီး ပြောထားတာပါ။

Photo: A Linn Young

သူဟာ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက် တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဇေရဲထက်ဟာ ဆင်းရဲတဲ့ မိသားစုဝင်တွေထဲက မွေးဖွားလာတဲ့သူဖြစ်တာကြောင့်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။

‘’ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး။ ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး။ ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး။ သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်။ အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ်တတ်နိုင်သလောက်လှူတယ်။ ကျွေးတယ် အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်'' လို့ သူက ဆိုပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင် မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာ ဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်။ အခုအချိန်မှာတော့ သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က