အနုပညာအလုပ်တွေလည်း စွန့်လွှတ်တော့မှာပါတဲ့။
Sabal Thwin

ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အနုပညာအလုပ်ကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်တော့မယ်လို့ ဆိုပါတယ်။ 

အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကတော့ အနုပညာ အလုပ်တွေ စွန့်လွှတ်ပြီးသာသနာ့ဘောင် ထဲအပြီးတိုင် ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။အသက် (၅၅) နှစ်မှာ ဒါရိုက်တာ အလုပ်တွေ မလုပ်တော့ဘူးလို့ ဆိုလာပါတယ်။ 

" ကျွန်မရဲ့ဆုံးဖြတ်ချက်ကတော့ အသက်(၅၅) နှစ်အထိပဲ ဒါရိုက်တာအလုပ် ကိုလုပ်မယ်။ အသက် (၅၅) နှစ် ကနေ (၆၀) နှစ် အထိ အများနဲ့သက်ဆိုင်သော လူမှုရေး ပရဟိတကိစ္စတွေနိုင်သလောက် လုပ် မယ်။ အသက်(၆၀) ပြည့်တာနဲ့ ကိုယ့်ကိုကိုယ် လောကီပင်စင်အပြည့်ပေးပြီး သံသရာခရီးတိုဖို့ကြိုးစားအားထုတ်ပါမည်။ (လူဆိုသည်မှာ ဘယ်နေ့သေမလဲဆိုတာမသိနိုင်၍ခုအရွယ်မှာလဲပုံမှန်(၁) နှစ်(၃)ကြိမ် တရားစခန်းဝင်ရင်း ၊ နေ့စဉ်လည်း ရလောက် အားထုတ်သွားရပါမည်။) အသက်(၄၄) နှစ်(၆)လအတွေး.... ကြည်ဖြူသျှင်" ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo: Kyi Phyu Shin

ဒါရိုက်တာ ကြည်ဖြူသျှင် ဟာ အခုဆိုရင် အသက် (၄၄) နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူမက ဆရာတော် ဥူးကိတ္တိသာရ( သရုပ်ဆောင် ကျော်ဟိန်း) ကို အတုယူနိုင်ဖို့ တွေးရင်း အခုလို ဆုံးဖြတ်ချက် ချလိုက်တာလို့ ဆိုပါတယ်။ 

" ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုတွေ၊အောင်မြင်မှုတွေကို အသက်(၆၀) အရွယ်မှာအားလုံးကိုထားခဲ့ပြီး တရားအပြည့်အဝအားထုတ်ဖို့ ဆိုတာ ၊ သာမန်ပုထုဇဉ်တစ်ယောက်အနေ နဲ့ တကယ့်ကိုမလွယ်တဲ့ ခက်ခဲတဲ့ကိစ္စပါ။ အောင်မြင်နေတဲ့အနုပညာသမားဆိုရင် ပိုတောင်ခက်သေးတယ် ၊ ပျော်ရွှင်စရာ အသိုက်အဝန်းကိုစွန့်လွှတ်ရမှာလေ။ ပြီးတော့ ခင်ပွန်း၊ ဇနီး၊ သားသမီး ရှိတဲ့ မိသားစုဆိုရင် ပိုတောင်မလွယ်ပါသေးတယ်။ သံယောဇဉ်ဖြတ်ပြီးထားခဲ့ဖို့ဆိုတာ တော်တော်ခက်ခဲတာပါ "ဆရာတော်ဦးကိတ္တိသာရ "(ခ)"ထပ်ဆင့်အကယ်ဒမီဦးကျော်ဟိန်း"

အကြောင်း အတုယူနိုင်ဖို့တွေးမိရင်း ကျွန်မကတော့ အပျိုကြီးဖြစ်နေတဲ့အတွက် ၊ ကံကောင်းစွာဖြင့် အခက်ဆုံးကြိုးကိုဖြတ်ဖို့ မလိုတော့ပါဘူး" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 


Photo: Kyi Phyu Shin

ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ ၁၉၉၇ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ဇာတ်ညွှန်းလည်းရေးသလို ၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ


Author


က္က