သူမ စိတ်ကူးထဲက မင်္ဂလာပွဲလေးကိုလည်း ပြောခဲ့ပါသေးတယ်။
Sabal Thwin

အေးမြတ်သူကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူဟာ ဇွန်လ (၈) ရက်နေ့မှာ အသက် (၃၄) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမဟာအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ကူးထားတဲ့ အရာလေးကိုလည်း ဖွင့်ပြောပြလာပါသေးတယ်။ 

"စကားမစပ်၂၀၂၂ မှာ အသက်(၃၆) နှစ်မှာလက်ထပ်နိုင်ဖို့ ကျွန်မ မျှော်လင့်ထားပါတယ်။ အရမ်းကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးဖြစ်ချင်မှဖြစ်မယ်။ ခမ်းနားတဲ့ချစ်ခြင်းတရားတွေနဲ့မင်္ဂလာပွဲကြီးဖြစ်ချင်ပါတယ်။ ချစ်ရသူတွေအားလုံး ဆုတောင်းပေးကြပါနော်" လို့ ဆိုပါတယ်။ 

Photo: Amazing Grace

သရုပ်ဆောင် အေးမြတ်သူကတော့ ဇွန်လ (၈) ရက်နေ့မှာလည်း ကျရောက်ခဲ့တဲ့ မွေးနေ့မှာ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ သူမအပေါ် သစ္စာရှိပြီး နားလည်ပေးတတ်တဲ့ ချစ်သူနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။ 

"ဒီနေ့.. ဒီလောက်ထိပျော်ရွှင်ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှု့ က ငွေကြေးနဲ့မဆိုင်ဘူး။ သူရဲ့လိုအပ်ချက်ကိုနားလည်ဖြည့်ဆည်းပေးနိုင်ဖို့နဲ့သာ သက်ဆိုင်တာပါ။ သစ္စာရှိပြီးနားလည်ပေးနိုင်တဲ့ချစ်သူ နဲ့ မေတ္တာတရားတွေနဲ့စောင့်ရှောက်ပေးနေကြတဲ့ချစ်ရသူတွေကြောင့် ကျွန်မ စိတ်ဓာတ်ခွန်အားတွေပြန်ရခဲ့တယ်။ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုဖန်တီးခွင့်ရမယ်လို့ ပိုယုံကြည်လာတယ်။ဒီလိုနေ့ရက်တွေသာ ဖန်တီးခွင့်ရမယ်ဆို အသက်(၄၃) နှစ်မှာလည်း ကျွန်မ ဒီအတိုင်းလေးရှိနေမှာပါ။ ချမ်းသာခြင်းဆိုတဲ့နေရာမှာ... စိတ်ချမ်းသာခြင်းကိုသာ ကျွန်မ ရွေးချယ်နေထိုင်ချင်ပါတယ်" ဆိုပြီးတော့ ဇွန်လ ၈ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူဟာ ဆယ်ကျော်သက်အရွယ်တုန်းက စိတ်ကူးထားတဲ့ ပုံစံမျိုးနဲ့ အခုချိန်မှာ မတူညီတော့ဘူးလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း မိတ်ကောင်း၊ ဆွေကောင်းတွေနဲ့ ဆုံဆည်းခွင့်ရခဲ့တဲ့ အမှတ်တရကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

"ဒီအသက် ၃၄ နှစ်မှာ ကျွန်မ ဒီလိုလေးကြည့်ကောင်းနေမယ်လို့ အသက်၁၆၊ ၁၇ နှစ်လောက်က မမျှော်လင့်ခဲ့ဘူး။ အိမ်ထောင်ကျလို့ ကလေး၂ယောက်လောက်နဲ့ မိသားစုစားဝတ်နေရေးတွေကြားထဲမှာနစ်မွန်းနေမယ်၊ အရမ်းကိုရုန်းကန်နေရမယ်လို့ထင်ခဲ့မိတာ ဒီနေ့ဒီလိုလေးပြုံးရယ်ခွင့်ရခဲ့လို့ မွေးဖွားမေးခဲ့တဲ့မိဘ၊ နှိမ့်တစ်ချည်၊ မြင့်တစ်လှည့်ကြားထဲမှာတူတူရုန်းကန်ပေးခဲ့တဲ့ချစ်ရတဲ့မိတ်ဆွေအရင်းကြီးတွေနဲ့အားပေးစောင့်ရှောက်ကြတဲ့ဒီစာကိုဖတ်နေသောချစ်ရသူတွေ၊ ထိုးနှက်ပြစ်တင်ရင်းအမြင့်ရောက်အောင်မြှင့်တင်ပေးခဲ့တဲ့မိတ်ဆွေတွေ၊ ခုချိန်ထိမေတ္တာမပျက်အမုန်းမရှိချစ်ခင်စောင့်ရှောက်ပေးတဲ့ချစ်သူဟောင်းတွေ။ ခုချိန်မှာအနားမှာနွေးထွေးကြင်နာစွာနဲ့ကာကွယ်စောင့်ရှောက်ပေးတဲ့ချစ်သူ၊ အားလုံးအားလုံးကိုအရမ်းချစ်ရပါသည်" လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူ(Aye Myat Thu)ဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်ကတည်းက ဈေးထဲမှာ အထည်ရောင်းခဲ့ရသူပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က