ဂိမ်းတွေဆော့ရင်း ပရိသတ်တွေကိုလည်း ဆုငွေတွေ ချီးမြှင့်ခဲ့ပါသေးတယ်။
Sabal Thwin

စမိုင်းလ်ကတော့ မွေးနေ့ အမှတ်တရဂိမ်းတွေ ကစားရင်း ပရိသတ်တွေကိုလည်း ဆုကြေးငွေတွေချီးမြှင့်နေတာ တွေ့ရပါတယ်။  

စမိုင်းလ်ဟာ အသက်(၃၆) နှစ်ပြည့် မွေးနေ့ အတွက် ငွေကျပ်သိန်း(၃၆၀)ဖိုး အလှူအတန်းတွေ လုပ်သွားမယ်လို့ သိရပါတယ်။ ဒီ သိန်း(၃၆၀) ကျပ်ထဲမှာမှ ဇွန်လ ၂၀ ရက်နေ့တုန်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကနေတဆင့် အနုပညာလောကသားတွေအတွက် ငွေကျပ်သိန်း(၆၀) လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ငွေကျပ်သိန်း(၃၀၀) ထဲကနေ ရန်ကင်းကလေးဆေးရုံကြီးအတွက် သိန်း(၁၄၀) တန်ဖိုးရှိ အသက်ရှုစက် တစ်လုံးလှူဒါန်းခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင် အတွက် ငွေကျပ်(၃၆) သိန်းနဲ့ ပရိသတ်အယောက်(၁၀၀၀) အတွက်ကိုလည်း ဖုန်းဘေ(၃၆၀၀) စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Smile

စမိုင်းလ်နဲ့အတူ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်၊ အဆိုတော် ရန်ရန်ချမ်းတို့ ဇနီးမောင်နှံ၊ အစီအစဉ်တင်ဆက်သူ ဆန်းထွဋ် တို့ ဇနီးမောင်နှံ နဲ့ နာမည်ကျော် DJ ပညာရှင် ရွှေပု တို့ ဇနီးမောင်နှံတို့ဟာ ဒီနေ့ ဇွန်လ (၂၁) ရက်နေ့ ညနေ (၄) နာရီကစပြီး မွေးနေ့ အမှတ်တရ ဂိမ်းတွေ ဆော့ကစားခဲ့ကြပါတယ်။ ဂိမ်း အစီအစဉ်ကို စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေဆီကို Viber ကနေတဆင့် ဖုန်းခေါ်ပြီး မေးခွန်းလေးတွေ မေးရင်း အဖြေမှန်တဲ့သူတွေကို ဆုကြေးငွေ ပေးခဲ့ပါသေးတယ်။ ဂိမ်းတိုင်းမှာ ပရိသတ်တွေကို ပိုက်ဆံရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့တာ လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

\Photo: Smile

စမိုင်းလ်ဟာ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာ အသက်(၃၆) နှစ်ပြည့်မှာပါ။ မွေးနေ့ အမှတ်တရ အနေနဲ့ ဂိမ်းတွေ ဆော့နေရင်း Surprise အဖြစ် ခင်ပွန်းဖြစ်သူကပေးတဲ့ စိန်တစ်ဆင်စာမွေးနေ့ လက်ဆောင်လည်း ရရှိခဲ့ပါသေးတယ်။ သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကလည်းကြိုတင် မွေးနေ့ ဆုတောင်းစကားတွေ ပြောခဲ့ပါတယ်။ သူမကတော့ လက်ရှိမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ခင်ပွန်း နဲ့ အတူ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် စမိုင်းလ် ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က