ပရိသတ်အချစ်ကို ရရှိထားတဲ့ ကလေးလေးပါ။

အေသင်ချိုဆွေကတော့ ဒီနေ့ ( သြဂုတ်လ ၂၅ ရက်)မှာ ကျရောက်တဲ့ သမီးလေးIvyရဲ့ အသက်(၃) နှစ်ပြည့် မွေးနေ့မှာ သူ့ရင်ထဲက လာတဲ့စကားလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။  

Photo: Athen Cho Swe



အေသင်ချိုဆွေကတော့ လွန်ခဲ့တဲ့ (၃) နှစ်က Ivy လေးကို မွေးဖွားခဲ့တဲ့ အမှတ်တရလေးတွေ ပြန်ပြောလာခဲ့ပါတယ်။ ရင်သွေးလေးကို တွေ့ခွင့်ရတော့မယ့် မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ အရမ်းကို ပျော်နေခဲ့တာလို့ သူက ဆိုပါတယ်။ 

" Happy Birthday mommy’s ivy lay။ မြန်မာလိုဆို မေမေ့ နွယ်ပင်လေးပေါ့။ လွန်ခဲ့တဲ့ (၃) နှစ်က ဒီလို နေ့မျိုး ဒီအချိန်လောက်ဆို မေမေ ခွဲခန်းထဲဝင်ဖို့ ready ဖြစ်နေပြီ။ မေမေ့ဘေးနားမှာ ဘွားဘွားရယ်၊ ခွားခွာရယ်၊ မေမေမသိတဲ့ Nurse တွေရယ် ပဲရှိပေမယ့် မေမေ တစက်လေးမှ မကြောက်မိပါဘူးကွယ်။မေမေ့ ပြောသမျှ ဗိုက်ထဲကနေ နားထောင်ပေးနေရှာတဲ့ မေမေ့အိုင်ဗီလေးတွေကို တွေ့ချင်နေပြီမို့ ပြုံးစိစိနဲ့ ပျော်နေတာ Nurse တွေက အဖေ နာမည် ဖြည့်ဖို့မေးတာတောင် မေမေ က စိတ်တိုဝမ်းနည်းရမယ့်အစား သူတို့ကို မျက်နာပြောင်ပြီး လျှောက်စနေနိုင်သေး တာ"  

Photo: Athen Cho Swe

အေသင်ချိုဆွေက သူမရဲ့ ဘဝထဲကို သမီးလေး ရောက်လာတဲ့ အချိန်မှာ ပြောင်းလဲသွားခဲ့တာတွေ အများကြီးရှိခဲ့တယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သမီးလေးအရွယ်ရောက်လာရင် စိတ်ထားကောင်းတဲ့ မိန်းကလေး ဖြစ်စေချင်တယ်လို့ သူကဆိုပါတယ်။ 

" မေမေ့ဘဝအချိုးအကွေ့တွေထဲမှာမေမေ့ဘဝထဲကို သမီး လေးရောက်ရှိလာခြင်းကမေမေ့ဘဝအတွက် ကြီးမားဆုံးဘုရားပေး တဲ့ လက်ဆောင်တစ်ခုပါ။ရတနာထက်တောင်ပိုတန်ဖိုးရှိပါတယ်။ မေမေ့ဗီးလေး စိတ်ထားကောင်းမွန်ပြီး လောဘ၊ဒေါသ၊မောဟ၊မာန၊ ဟန်ဆောင်မှုတွေကင်းတဲ့ ဘဝတခုကိုဖန်တီးနိုင်မယ်ဆိုတာ မေမေ အပြည့်အဝယုံကြည်ပါတယ်။Happy Birthday May may Vee . Love of my life" လို့လည်း ဆက်လက်ရေးသားထားပါသေးတယ်။ 

Photo: Athen Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က