ဒီနေ့ကတော့ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ သူမရဲ့ အသက်(၂၉) နှစ်ပြည့်မွေးနေ့လေးမှာ ရင်ထဲက ခံစားချက်တချို့ကို အခုလို ပြောပြလာပါတယ်။ 

photo: Ni Ni Khin Zaw



ပရိသတ်အခိုင်အမာရရှိပြီး ဂီတလောကမှာအောင်မြင်မှု ရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ ဒီနေ့ (သြဂုတ်လ ၃၁ ရက်) မှာ အသက်(၂၉) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ အားငယ်နေတဲ့ အချိန်တိုင်း အားပေးနိုင်ဖို့ ကိုယ်ကိုယ်တိုင်သာ ရှိနေခဲ့တယ်လို့ ဆိုလာပါတယ်။ 

" Happy 29th Birthday ကျွန်မအားငယ်နေတိုင်းကိုယ်ကိုကိုယ့်ထွေးပွေ့ထားနိုင်ဖို့ ကျွန်မမှာလက်အစုံရှိခဲ့တယ်။လဲကျတဲ့အချိန်တိုင်းပြန်ထဖို့ ခြေအစုံပိုင်ဆိုင်ထားတယ်။အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့ အဆင်ပြေသွားမှာပါဆိုတဲ့အားပေးစကားပြောပေးဖို့ ကိုယ်ကိုယ်တိုင်ရှိခဲ့တယ်။ ဟိုးတိမ်လွှာတွေအထိပျံသန်းနိုင်ဖို့ ပရိသတ်ခွန်အားတွေနဲ့တစတစစီပြုလုပ်ထားတဲ့ အတောင်အစုံရှိခဲ့တယ်။ "ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ရှိတယ်" (ယနေ့အချိန်အထိ ကောင်းရာတွေကို သင်ပြပေးခဲ့တဲ့ တည့်မတ်ပေးခဲ့တဲ့ မိဘ ၊ဆရာသမား ၊သူငယ်ချင်းများ၊ ပရိသတ်များကိုကျေးဇူးတင်လျှက်)" ဆိုပြီးတော့ သြဂုတ်လ (၃၁) ရက်နေ့ မနက် ၈ နာရီက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: KMA

နီနီခင်ဇော်ကတော့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ အမှတ်တရလေးအဖြစ် "HOPE" ဆိုတဲ့သီချင်းလေးကို သူမရဲ့ Ni Ni Khin Zaw Youtube Channel မှာ ပရိသတ်တွေနားထောင်လို့ရအောင် မိတ်ဆက်ပေးထားတယ်လို့သိရပါတယ်။ ဒီသီချင်းဟာ နီနီခင်ဇော်အတွက် ဘဝဖြတ်သန်းမှုတွေအကြောင်းကို ထည့်သွင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောပြခဲ့ဖူးပါတယ်။ 

နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာတော့ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 

Photo: Ni Ni Khin Zaw

ဂီတဘက်မှာ ထူးချွန်ပေမယ့် သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် "အိပ်မက်ကာရန်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နီနီခင်ဇော် က အကယ်ဒမီနေတိုးအတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားဟာ သူမကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်းလေးဖြစ်တယ်လို့လည်း Duwun ကို ဖြေဆိုခဲ့ဖူးပါတယ်။ နီနီခင်ဇော်ဟာ အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ သူမက Covid ကာလမှာလည်း ပရဟိတအလှူအတွက် အွန်လိုင်းပေါ်ကနေ ဂီတဖျော်ဖြေပွဲ လုပ်ခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က