မွေးနေ့ အလှူလေးတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။

စန္ဒီမြင့်လွင်ကတော့ အသက် တစ်နှစ်ပြည့်ပြီဖြစ်တဲ့ သမီးလေး ထရက်ရှာ အတွက် မွေးနေ့ အလှူတွေ လုပ်ပေးခဲ့ပါတယ်။ 

Photo: Sandi Myint Lwin



ဒီနေ့ ဇူလိုင်(၁၄) ရက်နေ့ကတော့ ကိုသီဟလွင်နဲ့ အဆိုတော် စန္ဒီမြင့်လွင် တို့ရဲ့ တစ်ဦးတည်းသော သမီးလေး ထင်လင်းခင်(ခ) ထရက်ရှာလေးရဲ့အသက်(၁) နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ သမီးလေးအတွက် မွေးနေ့ အလှူကိုတော့ ထရက်ရှာလေးကို ချစ်တဲ့ မိတ်ဆွေ များက ၈၉ မိုင် ၅ ဖာလုံမှာရှိတဲ့ YGW မိဘမဲ့ ကလေးများ ကျောင်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။ 

" ထရက်ရှာ့မွေးနေ့အမှတ်တစ်ရ တစ်နှစ်ပြည့်မွေးနေ့အလှုူလေးလှူဖြစ်ပါတယ်ရှင်။ ကူညီလှူဒါန်းပေးကြတဲ့

Plume Smallbaby ၊ Fancy House Store၊ Ohgiya Myanmar မိသားစု ၊ သမီးလေးကိုချစ်ခင်စွာဖြင့်မွေးနေ့ဆုတောင်းပေးကြသူများနဲ့ ချစ်ခင်စွာဖြင့်ကိတ်များမွေးနေ့လက်ဆောင်များပို့ပေးကြတဲ့ အနယ်အနယ်အရပ်ရပ်မှ တစ်ဦးတစ်ယောက်ချင်းစီအားလုံးကိုလဲ ထရက်ရှာတို့မိသားစုမှအထူးကျေးဇူးတင်ပါတယ်ရှင်။

#1yearoldtreasure?" ဆိုပြီးတော့ စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင် (၁၄) ရက်နေ့ နေ့လယ် (၁၁) နာရီက ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Sandi Myint Lwin

ထရက်ရှာလေးဟာ မွေးကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် အသက် တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ထရက်ရှာလေး အတွက် ပရိသတ်တွေနဲ့ ဆွေမျိုးများကလည်း မွေးနေ့ ဆုတောင်းစကားတွေ ပြောထားတာ တွေ့ရပါတယ်။ ဒီအထဲမှာမှ စန္ဒီမြင့်လွင့်ရဲ့ အစ်မကြီး (ဝမ်းကွဲ) ဖြစ်သူ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာကလည်း တူမလေး ခင်လင်းထင်အတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ 

" ခင်လင်းထင် ၁ နှစ်ပြည့် မွေးနေ့ 14-7-2020 ။ "ခင်"   သူချစ်သူတွေပေါများပြီး "လင်း" လက်တောက်ပတဲ့အနာဂတ်မှာ "ထင်"  ရှားကျော်ကြားတဲ့ မိန်းခလေး ဖြစ်ပါစေ" ဆိုပြီးတော့ သရုပ်ဆောင် စိုးမြတ်သူဇာက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ဇူလိုင် ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က မွေးနေ့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို ပန်းလှိုင်ဆေးရုံမှာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ သမီးလေးကိုတော့ အိမ်ခေါ်နာမည် ထရက်ရှာလို့ အမည်ပေးထားပြီး သမီးလေး(၆)လအရွယ်မှာတော့ မြန်မာနာမည်အဖြစ် ခင်လင်းထင်လို့အမည်ပေးခဲ့တာတွေ့ရပါတယ်။ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၇ လရှိခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က