ဘိုးဘိုးနဲ့ မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။

ပရိသတ်အားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် လွင်မိုးရဲ့ မြေးလေး Laim ကတော့ အခုဆိုရင် အသက် (၂) နှစ်ပြည့်ခဲ့ပါပြီ။ 

Photo: Lwin Moe



သရုပ်ဆောင် လွင်မိုးရဲ့ မြေးလေး၊ သရုပ်ဆောင် ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ကတော့ သြဂုတ်လ ၆ ရက်နေ့က အသက်(၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရကို ဘိုးဘိုး နဲ့ မြေးလေး နှစ်ယောက်တည်း ကျင်းပလိုက်ရတယ်လို့ လွင်မိုးက ဆိုပါတယ်။ 

" ဘွားဘွားကကိုးရက်တရားစခန်း၊ တီတီလေးကနေမကောင်း။ ကိုဗစ်ကာလ မြေးအဖိုးနှစ်ယောက်ရဲ့မွေးနေ့ပွဲ..." ဆိုပြီးတော့ သြဂုတ်လ ၆ ရက်နေ့ ညနေ (၃) နာရီကျော်က လွင်မိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အမှတ်တရ ဓာတ်ပုံလေးတွေ၊ ဗီဒီယို ဖိုင်လေးတွေ တင်ရင်း ရေးသားထားတာ တွေ့ရပါတယ်။ Laim လေးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် မွေးနေ့ ဆုတောင်းစကားတွေ ပြောခဲ့တာကို တွေ့ရပါတယ်။ 

Photo: Lwin Moe

မေမေ ယွန်းဝတီလွင်မိုးကလည်း သားလေးရဲ့ မွေးနေ့မှာ အတူတူ မရှိပေးနိုင်ပေမယ့် အရမ်းသတိရတဲ့ အကြောင်းတွေကို သူမရဲ့ Facebook Page မှာ သြဂုတ်လ (၆) ရက်နေ့ ညနေ (၅) နာရီကျော်က ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီနောက် Liam လေးကို မွေးဖွားခါနီးအချိန်က စလို့ အသက်(၂) နှစ်ရောက်ခါနီးအထိ ရိုက်ကူးထားတဲ့ အမှတ်တရ ဗီဒီယို ဖိုင်လေးတွေအားလုံးကို စုပေါင်းပြီး ဗီဒီယိုဖိုင်လေး တစ်ခုတည်းလုပ်ကာ အမှတ်တရ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Lwin Moe

ယွန်းဝတီလွင်မိုးက လက်ရှိမှာ ခင်ပွန်းနဲ့အတူ သြစတြေးလျမှာ ပညာသင်ယူနေတာ ဖြစ်ပြီး သားလေးကို မိဘတွေနဲ့အတူ မြန်မာနိုင်ငံမှာ ထားခဲ့တာ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။ 

Photo: Lwin Moe

သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားလေး Liam ကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ (၆) ရက်နေ့က သြစတေးလျနိုင်ငံ၊ မဲဘုန်းမြို့က ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က