မေလ(၂၇)ရက်က သူမရဲ့ မွေးနေ့ပါ။

အေးဝတ်ရည်သောင်းကတော့ သူမ အသက် တစ်နှစ်ကြီးလာတိုင်း ကြုံတွေ့ရတဲ့ အရာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Aye Thaung



သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ မွေးနေ့ကတော့ မေလ (၂၇) ရက်နေ့က ဖြစ်ပါတယ်။ အသက် တစ်နှစ်ကြီးလာတိုင်း မသိတာတွေ ပိုပြီးတော့ သိလာတယ်ဆိုတာကို အခုလို ပြောပြထားပါတယ်။ 

" အသက်တစ်နှစ်ကြီးလာတိုင်း မသိတာတွေပိုသိလာတယ်။ ပိုနားလည်လာရတယ်။ အရာရာမှာကိုယ်က အမြဲမှန်မနေပါဘူး။ လူမှန်ရင်အမှားတော့ရှိတတ်ပါတယ်။ ဒါပေမယ့် တချို့အမှားတွေက ပြင်လို့ရတဲ့အမှားတချို့အမှားတွေက ပြင်လို့မရတဲ့အမှားရှိသေးတာပဲ။ကြိုးစားနေတုန်းပါ။ အမှားနည်းအောင်ပေါ့။ညနေက လေတွေတိုက်တဲ့အချိန်အရင်က “လေ”ကို mask မတပ်ပဲ အပြင်ထွက်ရတုန်းက လွတ်လပ်ပြီးအသက်ရှူရတဲ့အချိန်တွေကို တန်ဖိုးထားဖို့မေ့နေခဲ့တာပဲလို့ အတွေးစလေးတောင်ဝင်လာမိတယ်။လောကကြီးကပေးတဲ့ ရောင့်ရဲမှုတွေကြားမှာ နေတတ်အောင်ကြိုးစားရင်းနေပျော်နေပါပြီ MAY ရေ...." ဆိုပြီးတော့ မေလ (၂၇) ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Aye Thaung

အေးဝတ်ရည်သောင်းက သူမရဲ့ မွေးနေ့ကိုတော့ ဘာအလှူအတန်းမှ မလုပ်ဖြစ်တဲ့အကြောင်း သူမရဲ့ ဖခင်က Duwun ကို ပြောပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သူမဟာ COVID-19ကာလမှာ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ သက်ဆိုင်တဲ့ ဆေးပစ္စည်းတွေကို ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန် ဆေးရုံကြီးတို့မှာ လှူဒါန်းခဲ့ပါသေးတယ်။ သူမရဲ့ အလှူအတွက် ပရိသတ်တွေကလည်း သာဓု ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

Photo: Aye Thaung

အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင် နေရတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က