တစ်ချိန်က ကြော်ငြာဘုရင်မလေးတစ်ဦးဖြစ်ခဲ့ပါတယ်။

ထက်ထက်မိုးဦးက အခုဆိုရင် အသက် ၄၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမဟာ ဒီနေ့ အချိန်ထိ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။


Photo: hmone Shwe Yee



ဒီနေ့(မေလ ၈ ရက်နေ့) ကတော့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူမဟာ ဒီနေ့အထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

‘’feeling 48"တို့" ကို ချစ်လှချည်ရဲ့ ဆိုသူတွေလည်း အဆုံးသတ်မှာ နာကျဉ်းအာင် လုပ်သွားကြတယ်’’ ဆိုပြီးတော့ Hmone Shwe Yee ဆိုတဲ့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၇ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။ သူမအတွက်ကိုလည်း ချစ်ရတဲ့ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ်။


Photo: hmone Shwe Yee

ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေအပြင် ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမ ပါဝင် သရုပ်ဆောင် ထားတဲ့ ရှယ်ချွေးမရုပ်ရှင်ဇာတ်ကားကြီးကို စိန်ေဋ္ဌးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော်(အရုဏ် ဦး) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦးနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။



Photo: hmone Shwe Yee

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။


Photo: hmone Shwe Yee

အဲဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က