ကုန်ကျစာရိတ်တွေလည်း အရမ်းများနေပါပြီတဲ့။
Sabal Thwin

‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ကားကြီးရိုက်ကွင်းမှာ ငွေကြေးကုန်ကျစာရိတ်များစွာတို့ကို သုံးစွဲနေရတာဖြစ်ပြီး ရာသီဥတုအခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။

Photo: Zin Yaw Maung Maung

ဒါရိုက်တာ စင်ရော်မောင်မောင်က ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ကားကြီး ရိုက်ကူးရေးမှာ အခက်အခဲများစွာကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ မိုးသည်းထန်စွာရွာသွန်းနေမှုတွေလည်း ကြုံတွေ့နေရပါတယ်တဲ့။

‘’အလွန်ဝေးလံတဲ့နေရာဒေသမှာ ရိုက်ကူးနေပါတယ်။ ဇာတ်ကားကိုကောင်းမွန်ရေးအတွက် Short list ကဒ်များများရိုက်ရတဲ့အတွက် အချိန်ကြာမှုရှိပါတယ်။ မိုးသည်းထန်စွာရွာ၍ Shooting ရပ်နားခြင်း တောင်ပေါ်တွင်ရိုက်ကူးနေစဉ် တောင်အောက်သို့ဆင်းပြေးခြင်း 4WD ကားများချော်ကျ ခြင်း စသည့်အခက်အခဲများကြုံတွေ့ရခြင်း’’ လို့ အစပျိုးကာ သြဂုတ်လ ၂၄ ရက်နေ့ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Zin Yaw Maung Maung

စင်ရော်မောင်မောင်ဟာ ‘’လျှို့ဝှက်သောနှင်း’’ရုပ်ရှင်ကားကြီးကို ရေခဲတောင်ပေါ်မှာ ရိုက်ကူးခဲ့သလိုပဲ ‘’တိမ်တွေပေါ်က ပန်း’’ ရုပ်ရှင်ကားကြီးကိုလည်း ကြိုးကြိုးစားစားရိုက်ကူးနေပါတယ်တဲ့။

‘’ရေခဲတောင် လနဲ့ချီပြီးနေခဲ့တဲ့အတွေ့အကြုံရှိသဖြင့် ဒီအခက်အခဲကို အလံမလဲှပဲ ကျော်လွှားပြီး ကြိုးစားနေပါတယ်။ လိုချင်တဲ့အရည်အသွေး ရိုက်ချက်များရသော်လည်း ကုန်ကျစရိတ် ကြီးမားမှုကို ရင်ဆိုင်နေရပါတယ်။ သို့သော် မည်သည့်အခါမှ အလံမလဲှပါ’’လို့ သူကဆိုပါတယ်။

Photo: Zin Yaw Maung Maung

‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင် တို့က အတူတွဲရိုက်ကူးနေကြတာပါ။ ဒီဇာတ်ကားထဲမှာ ကျော်ထက်အောင်၊ ကိုရီးယားမင်းသားချော Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။

‘’ရိုက်ကူးရေးအဖွ့ဲသားများ ချောချောမောမော ရန်ကုန်ပြန်လည်ရောက်ရှိရေးအတွက် ချစ်စွာသောပရိသတ်များအနေနဲ့ ဝိုင်းဝန်းပြီး ဆုမွန်ကောင်းတောင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ တမူထူးခြားကွဲထွက်လာသော ဇာတ်ကားတစ်ကားအဖြစ် မြင်တွေ့ရမည့်အကြောင်းကို Big 5 မိသားစုမှ ရဲရဲဝံ့ဝံ့ အာမခံပါသည်။ တိမ်တွေပေါ်က ပန်းမိသားစု’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Zin Yaw Maung Maung

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြန်ပါသေးတယ်။ သူဟာ ဇာတ်ကားဆု ၃ ဆု၊ ဒါရိုက်တာ ဆု ၃ ဆုတို့ကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က