ခွဲစိတ်မှုတွေအတွက် သူမကိုယ်တိုင် အလှူငွေထည့်ခဲ့ပါသေးတယ်။

စံရတီမိုးမြင့်ပါဝင်ထားတဲ့ ကုသိုလ်အလှူကြောင့် ကလေးမမွေးနိုင်လို့ ခွဲစိတ်မှုခံရမယ့် ခွေးမလေးရဲ့ ကျန်းမာရေးက အခုဆိုရင် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ သူမကလည်း တိရစ္ဆာန်လေးတွေကို ချစ်တာကြောင့် လစဉ်ထောက်ပံ့မှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

Photo: စံရတီမိုးမြင့်ဖေ့စ်ဘွတ်

သရုပ်ဆောင် စံရတီမိုးမြင့်က တိရစ္ဆာန်လေးတွေအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကုသိုလ်တွေကို ပရိသတ်တွေဆီ မျှဝေပေးခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း တိရစ္ဆာန်လေးတွေကို ချစ်တတ်သူတစ်ယောက်ပါ။

‘’ ကုသိုလ်ဝေမျှပါတယ်’’ ဆိုပြီးတော့ မတ်လ ၈ ရက်နေ့ ည ၆ နာရီကျော်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့ပါတယ်။ အဲဒီနောက် တိရစ္တာန်စောင့်ရှောက်ရေးဂေဟာဖြစ်တဲ့ အကြင်နာနှလုံးသား ကြောင်ဂေဟာက စံရတီမိုးမြင့်ရဲ့ အလှူအတွက် ဆုတောင်းစကားဆိုထားတဲ့ အကြောင်းအရာကိုလည်း Share ထားတာ တွေ့ရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။

Photo: စံရတီမိုးမြင့်ဖေ့စ်ဘွတ်

စံရတီမိုးမြင့်ဟာ အဆိုပါ ဂေဟာမှာ ကလေးမမွေးနိုင်လို့ အသက်အန္တရာယ်ရှိနေတဲ့ ခွေးလေးအတွက် ဆေးကုသမှုစာရိတ်ကိုလည်း ပါဝင်လှူဒါန်းခဲ့ပါသေးတယ်တဲ့။

‘’စံရတီမိုးမြင့် မင်းသမီးလေးမှ ကလေးမမွေးနိင်လို့အသက်ဘေးမှရင်ဆိုင်နေရသောခွေးမလေးအတွက် ခွဲစိတ်ကုသဖို့အလှုငွေတသိန်းကျပ်လှုဒန်းပါတယ်။ကျွန်မရဲ့ဂေဟာမှာလိုအပ်တာလေးတွေကိုအမြဲတမ်းဖြည့်ဆည်းလှုဒန်းပါတယ်။ ’’ ဆိုပြီးတော့ အကြင်နာနှလုံးသား ကြောင်ဂေဟာရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ မတ်လ ၈ ရက်နေ့ ညက ရေးသားခဲ့ပါတယ်။

Photo: အကြင်နာ နှလုံးသား ကြောင်ဂေဟာ

အဲဒီနောက် တိရစ္ဆာန်လေးတွေကို ပူးပေါင်းပါဝင် စောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်အတွက် ဆုတောင်းစကား ဆိုခဲ့ပါသေးတယ်။

‘’တိလေးတွေစာနာသောချစ်သောမင်းသမီးလေးစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့အောင်မြင်ချင်းတွေနဲ့ပျော်ရွင်ချမ်းမြေ့ပါစေလိုအကြင်နာနှလုံးသားမှဆုတောင်းမေတ္တာပို့သလိုကိပါတယ်။ ခွေးမလေးခွဲစိတ်တာ နေကောင်းကျန်းမာပါတယ်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Nyi Nyi

သူ့ရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ ၂၀၁၈ ခုနှစ်က စပြီး ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ မကြာခဏဆိုသလို ရိုက်ကူး ရေး တွေ လုပ်နေတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့်ကို ပရိသတ်တွေက ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေကနေတဆင့် စတင် သိရှိ လာတာဖြစ်ပါတယ်။ ခပ်စွာစွာ ကောင်မလေး ကာရိုက်တာတွေကလည်း သူနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။



က္က