မေမေ ဝမ်းကလည်း မွေးနေ့ အလှူတွေအမှတ်တရလေးတွေ တင်ထားတာ တွေ့ရပါတယ်။

အဆိုတော် R ဇာနည် နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဖစ်ဖစ်တုန် ကတော့ အသက်(၁၁) နှစ်ပြည့်ပြီ ဖြစ်ပြီး မွေးနေ့အလှူအဖြစ် နှင်းဆီကုန်း ဘိုးဘွားရိပ်သာနဲ့ လူမှုဝန်ထမ်းဦးစီးဌာန တို့မှာအလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Photo: R Zar Ni



အဆိုတော် R ဇာနည် နဲ့ သရုပ်ဆောင် ဝမ်း တို့ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည် ကတော့ ဇူလိုင်(၂၁) ရက်နေ့က အသက် (၁၁) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေ R ဇာနည်က သားအပေါ် ထားတဲ့ သူ့ရဲ့ ချစ်ခြင်းတရားတွေနဲ့ အခုလို မွေးနေ့ ဆုတောင်းပေးထားပါတယ်။ 

" သားကြီးရဲ့ မွေးနေ့ ၊ မွေးရက်၊ မွေးလ တိုက်တဲ့ နှစ်လေးပေါ့။ သားကြီး ဘဝထဲကိုရောက်လာခဲ့တာ ဆယ်ဆုနှစ်တစ်ခုကျော်ခဲ့ပြီ။ အလုပ်များများစားစားရှုပ်မနေပေမဲ့ မွေးနေ့ မှာ လူကြီးတွေ အလုပ်နည်းနည်း ရှုပ်ရှာတယ် ။ဒါပေမယ့် မအားတဲ့ကြားကနေ birthday လေးလုပ်ဖြစ်တယ်ပေါ့။ သားကြီးကျန်းမာပြီးပျော်ရွှင်ဖို့ဘဲ ပါပါး မာမားတို့ အရေးကြီးပါတယ်။ ဘဝမှာ အရေးကြီးတဲ့ အဓိကနဲ့သာမည ခွဲခြားတတ်ပြီး သင့်တင့်လျှောက်ပတ်အောင်နေထိုင်နိုင်ပါစေ သား ... ❤️ I wish you all the best my lovely son ကြီး " ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: R Zar Ni

ဖစ်ဖစ်တုန် ရဲ့ အသက် (၁၁) နှစ်ပြည့် မွေးနေ့ အလှူကိုတော့ နေရာ (၂) နေရာမှာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အသက် (၁၁) နှစ်ပြည့်ခဲ့တာကြောင့် နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ငွေကျပ် (၁) သိန်း (၁) သောင်း နဲ့ လူမှုဝန်ထမ်း ဦးစီးဌာနမှာ ငွေကျပ် (၁) သိန်း (၁) သောင်း စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လှူဒါန်းမှု အမှတ်တရ ဂုဏ်ပြု လွှာတွေနဲ့ အတူ သားကြီး ဖစ်ဖစ် အတွက် မိခင်ဖြစ်သူ သရုပ်ဆောင် ဝမ်းကလည်း မွေးနေ့ ဆုတောင်းပေးခဲ့ပါသေးတယ်။ 

" Happy Birthday Thar Gyi ❤️ Phit Phit ရဲ့ 11 နှစ်ပြည့်မွေးနေ့မှစ၍ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့အကောင်းအဆိုးခွဲခြားနိုင်တဲ့လူတော်လူကောင်းလေးဖြစ်ပါစေ" လို့ မိခင်ဖြစ်သူ သရုပ်ဆောင် ဝမ်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင် (၂၁) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ ဖစ်ဖစ်တုန်ကိုတော့ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ 

Photo: R Zar Ni

Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က