ဒီမှာက ကျောင်းစရိတ်တွေ ဈေးကြီးလို့တဲ့။

သရုပ်ဆောင် မယ်လိုဒီကတော့ ရန်ကုန်မှာ ကျောင်းစရိတ်တွေ ဈေးကြီးလို့ သားလေးကို အင်္ဂလန်က ဟယ်ရီပေါ်တာတက်တဲ့ကျောင်းမှာ သွားထားဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်တဲ့။

သရုပ်ဆောင် မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်က ကျောင်းတက်နေရပါပြီ။ မယ်လိုဒီဟာ သားလေးပညာရေးအတွက် သေချာစဉ်းစားပြီး လိုအပ်တာတွေ လုပ်ပေးတတ်သူပါ။ အခုလည်း သားလေးကို ကျောင်းထားဖို့အတွက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ရန်ကုန်မှာက ကျောင်းစရိတ်တွေ ဈေးကြီးနေလို့ သားလေးကို အင်္ဂလန်က ဟယ်ရီပေါ်တာ တက်ခဲ့တဲ့ ကျောင်းမှာ ထားဖို့အတွက် ဆုံးဖြတ်လိုက်တာပါ။ အဲ့အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားတာ တွေ့ရပါတယ်။



ကျောင်းစရိတ်တွေ ဈေးကြီးလို့ အင်္ဂလန်က ဟယ်ရီပေါ်တာ တက်တဲ့ကျောင်းမှာထားမယ်လို့ ဆုးံဖြတ်လိုက်တယ် လေယာဉ်ပျံလက်မှတ်ဖိုး ဗီဇာဖိုးမကုန်အောင် တံမြက်စည်း တခါတည်းဝယ်ပေးလိုက်တယ် ခွစီးပြီး အင်္ဂလန်မှာ ကျောင်းသွားတက်ပါစေတော့"ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်

အမှန်တော့ မယ်လိုဒီက ကျောင်းစရိတ်တွေ ဈေးကြီးတာကို ဟာသလေးနှောပြီး သူ့ရဲ့ပရိသတ်တွေကို ပျော်အောင် စလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း သားလေး သီချင်းဆိုနေတဲ့ ပုံလေးတင်ပြီး ယခုလို စထားပါသေးတယ်။

သားလေးရေ ဆရာဝန် အဆိုတော် မင်းသားလုပ်ပြီး နောက်ဆုံး သာသနာ့ဘောင်ထဲဝင်လိုက်ပါကွယ်။ သီချင်းဆိုတာ ဝါသနာပါသူလေး အင်္ဂလန်သွားဖျော်ဖြေတုန်းကပါခင်ဗျာ။ အမှတ်တရပါ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

သားလေး သိဒ္ဓိစစ်ကတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတက်နေရပြီလို့ သိရပါတယ်။ မွေးကင်းစ ကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင် တော့ သူတို့ရဲ့ တစ်ဦးတည်းသော သားလေး သဒ္ဓိစစ် က အခုဆိုရင် ၄ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

မယ်လိုဒီ(Melody) ရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က