ဆိုင်ကယ်မြင်ရင် မနေနိုင်ဘူးတဲ့။

နိုင်းနိုင်းက သူငယ်ငယ်က ဓာတ်ပုံလေးတစ်ပုံကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါတယ်။ အသက်ကြီးသွာားပေမယ့် အကြိုက်ကတော့ မပြောင်းလဲသွားဘူးနော်။

Photo : နိုင်းနိုင်း

ပရိသတ်တွေရဲ့ အချစ်ကို အခုချိန်ထိပိုင်ဆိုင်ထားနိုင်တဲ့ သရုပ်ဆောင် နိုင်းနိုင်းဟာ သူငယ်ငယ်က ပုံလေးတစ်ပုံကို ပရိသတ်တွေအတွက် ပြန်လည်မျှေ ဝပေးထားတာ တွေ့ရပါတယ်။ ငယ်ငယ်လေးတုန်းကလည်း ဆိုင်ကယ်မြင်ရင် မနေနိုင်တဲ့ အကျင့်က အခုထိ မပြောင်းလဲသွားဘူးလို့ ဆိုပါတယ်။

‘ငယ်ငယ်လေးကတည်းက ဆိုင်ကယ်မြင်ရင် မနေနိုင်တဲ့ အကျင့်က ခုထိမပြောင်းလဲပဲ ရှိနေတုန်းပါ။ ကလေးတုန်းကပုံပြန်ကြည့်ပြီး....ပြောင်းလဲခြင်းတွေ၊ အိုမင်းခြင်းတွေ ပါအမြဲကပ်လျက်ရှိနေတာ ကိုသတိကပ်မိတယ်။ ကျွန်တော်ချစ်သော ပရိတ်သတ်ကြီးရေ..အချိန်တွေ တစ်အားမြန်တယ်နော်...ဒါဆိုဘာလုပ်မလဲ??? စိတ်ချမ်းသာသောနေ့တစ်နေ့ဖြစ်ပါစေဗျား။” ဆိုပြီး မတ်လ(၂၇)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : နိုင်းနိုင်း

နိုင်းနိုင်းဟာ လက်ရှိမှာ မြန်မာနိုင်ငံတွင် အနုပညာအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။ အလုပ်တွေ အားတဲ့အချိန်ဆိုရင် ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့ ဆိုင်ကယ်စီးခြင်း ခရီးထွက်ခြင်းများ ပြုလုပ်လျက်ရှိတာကို တွေ့ရပါတယ်။အနုပညာအလုပ်တွေ ဆောင်ရွက်နေတာဖြစ်သလို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း အချိန်ရရင် ရသလို သွား ရောက်နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ကြည်နူးမှုတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။

Photo : နိုင်းနိုင်း

နိုင်းနိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချို တို့ဟာ ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင် းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိရင်တော့ မြန်မာနိုင်ငံကို ရောက်ရှိနေတတ်ပါတယ်။ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။



က္က