မွေးနေ့ကိုလည်း အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။
သရုပ်ဆောင် ချစ်စနိုးဦးက မွေးနေ့လေးမှာ အဓိပ္ပါယ်ရှိတဲ့အရာလေးတွေကို လုပ်ခဲ့ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အဓိပ္ပါယ်ရှိတာလေးတွေပဲ ပိုလုပ်ချင်တယ်လို့လည်း သူမက ဆိုပါတယ်။

Photo : ချစ်စနိုးဦး

ချစ်စနိုးဦးက သူမရဲ့ မွေးနေ့မှာ အလှူအတန်းတွေ များစွာပြုလုပ်ပြီး အဓိပ္ပါယ်ရှိရှိလေး ဖြတ်သန်းခဲ့ပါတယ်။ မတ်လ(၁၆) ရက်နေ့က ချစ်စနိုးဦးရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့မှာ မနက်အစောပိုင်းလောက်ကတည်းက အလိုတော်ပြည့်ကျောင်းမှာရှိတဲ့ သံဃာအပါး(၂၀၀)ကို အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းဖြစ်ခဲ့သလို နောက်ထပ် အလှူတွေကိုလည်း ဓမ္မပါလေမဒနီသီလရှင် စာသင်တိုက်မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
Photo : ချစ်စနိုးဦး

အသက်ကြီးလာတာနဲ့အမျှ မွေးနေ့ဖြတ်သန်းပုံလေး ကွာခြားသွားတာနဲ့ ပတ်သက်ပြီးလည်း ချစ်စနိုးဦးက ယခုလို ပြောထားပါသေးတယ်။

“ဘဝမှာ အသက်ကြီးလာတာနဲ့အမျှ အဓိပ္ပါယ်ရှိတာလေးတွေဘဲ ပိုလုပ်ချင်လာတော့တယ် ... ဒီနေ့ နေ့ဆွမ်းကိုတော့ ကိုုဖိုးသားတို့ ဆောက်လုပ်လှူဒါန်းထားတဲ့ ဓမ္မပါလမေဒနီ( ဖျာပုံ)သီလရှင်စာသင်တိုက်မှာ လှူခဲ့ပါတယ် ...လိုက်လာပေးတဲ့ ကိုဖိုးသားရဲ့မေမေ"မာမေး"နဲ့ အမတွေကိုလဲအရမ်းချစ်ရပါတယ်.. အရမ်းလည်းပျော်ရ ကြည်နူးရပါတယ်၊ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၁၆) ရက်နေ့ က ရေးသားထားတာပါ။

Photo : ချစ်စနိုးဦး

သူမအတွက် မွေးနေ့ဆုတောင်း စကားပြောပေးထားကြတဲ့ သူငယ်ချင်းတွေ ပရိသတ်တွေကိုလည်း ချစ်စနိုးဦးက ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။ ချစ်စနိုးဦးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေထက် ဖျော်ဖြေရေးတွေ သွားနေရတယ်လို့ သိရပါတယ်။

'' ဇာတ်ကားရိုက်တာတွေက အချိန်လည်း အများကြီးပေးရတယ်။ ရက်တွေလည်း အများကြီးပေးရတယ်။ ပြီးတော့ ကားရိုက်မယ်ဆိုရင် အနားနီးမှ လာချိတ်တယ်။ သီချင်းဆိုတာကကျတော့ အစောကြီးကတည်းက ချိတ်ထားပြီးသားဆိုတော့ မအားတာနဲ့ မလုပ်ဖြစ်ရင်းကနေ လာမငှားကြတော့တာလည်းပါတယ်'' လို့ သူကဆိုပါတယ်။

ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို နားထား ရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။



က္က