သူလည်းပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူပါ။

ရွှေမှုံရတီရဲ့ ညီမလေး ငွေမှုံရတီက မတ်လ(၁၈) ရက်နေ့ဆိုရင် အသက်(၁၈)နှစ် တိတိပြည့်ပါပြီ။ မွေးနေ့မရောက်ခင် မွေးနေ့အကြိုအနေနဲ့လည်း အလှူအတန်းတွေ လုပ်ဖြစ်နေတာ တွေ့ရပါတယ်။

Photo :Amazing Grace



သရုပ်ဆောင် ငွေမှုံရတီက မတ်လ(၁၈) ရက်နေ့မှာ အသက်(၁၈) နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ သူမရဲ့ မွေးနေ့မတိုင်ခင်မှာလည်း မိခင်နဲ့အတူ မွေးနေ့အကြို အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

မွေးနေ့အကြိုအနေနဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာပါ။ “မနေ့ကမွေးနေ့အတွက်အကြိုအလှူ Officially 18" ဆိုပြီး မွေးနေ့အလှူပုံရိပ်လေးတွေတင်ပြီး မတ်လ(၁၇) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo :Amazing Grace

ရွှေမှုံရတီရဲ့ ညီမလေး ငွေမှုံရတီက လက်ရှိမှာ မိခင်နဲ့အတူ နေထိုင်နေပြီး ဇာတ်ကားရိုက်ကူးမှုတွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရွှေမှုံရတီရဲ့ ညီမငွေမှုံရတီကတော့ အမ အိမ်ထောင်ပြုသွားတာကို အားကျတာမျိုး မရှိပါဘူးတဲ့။ သူ့အနေနဲ့ အခုချိန်မှာ ရည်းစားထားဖို့လည်းစိတ်မပါသလို ယောကျ်ားယူဖို့လည်း စိတ်မပါတာကြောင့် အပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ Duwun Media သို့ဖြေဆိုပေးထားပါတယ်။

Photo :Amazing Grace

“ကိုယ်တွေက အစကတည်းက FA သမားတွေဆိုတော့ အားကိုမကျတာ စိတ်မဝင်စားဘူး။ အပျိုကြီးလုပ်မှာ စိတ်ချ ရည်းစားထားဖို့လည်း စိတ်မပါဘူး။ ယောကျာ်းယူဖို့လည်း စိတ်မပါဘူး။ လုံးဝမဖြစ်နိုင်တော့ဘူး ကိုယ့်ဘာသာကိုယ်လည်းသိတယ် ငါအပျိုကြီး ဖြစ်တော့မှာလို့ ကိုယ့်ဘာသာကိုယ်သိတယ်။ အဲ့ဒါကြောင့် အပျိုကြိးလုပ်မှာ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်မယ် ။ အပျိုကြီးလုပ်မယ်။” ဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့က ပြုလုပ်တဲ့ Shwe FM ပွဲမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo :Amazing Grace

 ငွေမှုံရတီလေးကလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပြီး တစ်မျိုး ချစ်စရာကောင်းတဲ့သူလည်း ဖြစ်ပါတယ်။ သူမက ခန္ဓာကိုယ်ထွားတာကြောင့် အရင်ကဆို ညီမနှစ်ယောက်မှာ သူမကို အကြီးမလို့တောင် ထင်ကြပါတယ်။

ငွေမှုံဟာလည်း အနုပညာကို ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းမှာ နေရာတစ်နေရာ ရရှိအောင် ကြိုးစားနေသူပါ။ ငွေမှုံရတီကတော့ လက်ရှိမှာ ပညာရေးနဲ့ အနုပညာကို တွဲဖက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးနေရပြီး ပရိသတ်တွေအသိအမှတ်ပြု အားပေးနေတဲ့ သရုပ်ဆောင်သစ်တစ်ယောက်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က