ဒီနေ့(မတ်လ ၂၁ ရက်) နေ့ညမှာ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်အတွက်ပေးအပ်မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ်အယောက်(၂၀) ကတော့ ဒီကနေ့ မှာ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကြမယ့် ရွှေကြို(၂၀)ယောက် ရွေးချယ်ပွဲကိုတော့ မတ်လ ၂၁ ရက်နေ့ ညက Sky Star Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အကဲဖြတ်ဒိုင်တွေအနေနဲ့ အကယ်ဒမီများရှင် ရန်အောင်၊ အကယ်ဒမီ ခန့်စည်သူနဲ့ အကယ်ဒမီအေးမြတ်သူ တို့က ပါဝင်ခဲ့တာဖြစ်ပါတယ်။ အထူးဧည့်သည်တော်အနေနဲ့ ထက်ထက်မိုးဦးနဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) တို့ကပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ 



ရွှေကြိုမောင်မယ် (၂၉) ဦးထဲကမှ ရွေးချယ်ခံလိုက်ရတဲ့ ရွှေကြိုမောင်မယ် အယောက်(၂၀) ကတော့ မင်းအာကာ ၊ရဲရင့်စည်သူအောင် ၊ပိုင်အိမ်ခ၊ ဖြိုးထက်ဒီပိုင် ၊မိုးမြင့်၊ ထွန်းဝီရ ၊ တေဇာဖြိုး၊ ကျော်ဇင်၊ ရဲရင့်မောင်မောင်၊ မင်းကိုသန့် ၊ ယွန်းဝင့်လွှာအောင်၊ ခြူးပြည့်အိမ်စည်၊ ဆုသဉ္ဇာဝင်း၊ ဖူးမြတ်နှင်း၊ ရွှေရည်ဝင်းထက်စံ၊ မေနန္ဒာကျော်၊ ယုယလျှမ်းဝေ၊ အိမ့်ချစ်ချစ်၊ Hana ၊ စနိုးကြည်ဖြူ တို့က ပါဝင်ခွင့်ရသွားပြီဖြစ်ပါတယ်။ ရွှေကြိုမောင်မယ် ရွေးချယ်ခံရသူ အယောက်(၂၀)ကိုလည်း တစ်ဦးလျှင်ဆုငွေကျပ် ၁၀ သိန်းစီ နဲ့ Golden Award ဆုချီးမြှင့်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ ရွှေကြိုလျှောက်ထားသူ အယောက်(၇၀၀)ဦးထဲကမှ လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး (၈၀)ဦး ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ (၈၀)ဦးထဲကမှ ရွှေကြို (၅၀) ဦးကို ထပ်မံရွေးချယ်ခဲ့တာတွေ့ရပါတယ်။ ရွှေကြိုအယောက်(၅၀)ဦး ထဲကမှ ရွှေကြို (၄၀)ဦး ကို ထပ်မံရွေးချယ်ခဲ့ပြီးအဆိုပါ (၄၀)ဦး ထဲကမှ ရွှေကြို (၃၀)ဦးကို ထပ်မံရွေးချယ်ခဲ့ပြန်ပါတယ်။ ပြိုင်ပွဲဝင် မေလသံစဉ် ထွက်သွားခဲ့တာကြောင့် ရွှေကြိုမောင်မယ် စုစုပေါင်း ၂၉ ဦးသာ ကျန်ခဲ့တာဖြစ်ပြီး ဒီ ၂၉ ဦးထဲကမှ Grand Final ညမှာတော့ ဆုပေးပွဲကြီးမှာပါဝင်မယ့် (၂၀) ဦးကိုသာ ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ 

ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် ရွှေကြိုများအတွက် ဆုနှင့် အခွင့်အလမ်းများကိုလည်း ပေးအပ်မှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ရွှေကြိုရွေးချယ်ခံရတဲ့ မောင်မယ်များအနေနဲ့ဆုငွေများ ရရှိမှာ ဖြစ်သလို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) သင်ကြားတဲ့ သရုပ်ဆောင်သင်တန်း၊ ဇာတ်လမ်းတွဲတွေ မှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို ကိုင်ဆောင်တဲ့သူကို ၂၀၁၂ ခုနှစ်အထိ အကယ်ဒမီဗန်းကိုင် လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။၂၀၁၄-၂၀၁၅ခုနှစ်ကစပြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မိန်းကလေးတွေသာမက ယောကျ်ားလေးတွေလည်း ပါဝင်လာတာ ဖြစ်တဲ့အတွက် အကယ်ဒမီရွှေကြိုမောင်၊မယ်များ ဆိုပြီးတော့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က