ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အယောက် ၅၀ ထပ်မံရွေးထုတ်သွားပါမယ်။

ရွှေကြိုလူတွေ့စစ်ဆေးခံရတဲ့ လူဦးရေ (၇၀၀) ကျော်ထဲကမှ အယောက်(၈၀) ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။ ထပ်မံရွေးချယ်သွားမယ့် ရွှေကြိုအယောက်(၅၀) ကိုတော့ ပရိသတ်တွေက Voting ပေးရတော့မှာဖြစ်ပါတယ်။ 


Photo:အကယ်ဒမီရွှေကြိုမောင်မယ်



၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီရွှေကြိုမောင်မယ်ဆန်ခါတင် အယောက်(၈၀) ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ ရွှေကြိုရွေးချယ်ပွဲကို ဇန်နဝါရီ(၂၇၊၂၈) နှစ်ရက်တိုင်တိုင် Sky Star ဟိုတယ်မှာ လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရွှေကြိုလာရောက် လျှောက်ထားသူတွေထဲမှာတော့ အနုပညာရှင်တွေရဲ့ သားသမီးတွေလည်း ပါဝင်သလို ရွှေကြိုကို စိတ်ပါဝင်စားတဲ့ ပြင်ပက အနုပညာဝါသနာရှင်လေးတွေလည်း လာရောက်လျှောက်ထားတာကို တွေ့ရပါတယ်။

Photo:အကယ်ဒမီရွှေကြိုမောင်မယ်

ရွှေကြို အယောက်(၈၀) စာရင်းထဲမှာမှ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အယောက် (၅၀) ကို ပြန်လည် ရွေးထုတ်သွားဦးမယ်လို့ သိရပါတယ်။ ဆန်ခါတင် အယောက် (၅၀) မှာ ပါဝင်လာမယ့် မောင်မယ်တွေကိုတော့ Round 1, Round 2 လို့ခွဲပြီး Voting စနစ်တွေနဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ပရိသတ် Voting အများဆုံး ပြိုင်ပွဲဝင်တွေကတော့ Grand Final အထိ တက်ရောက်ရမှာဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတော့မှာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် ရွှေကြိုများအတွက် ဆုနှင့် အခွင့်အလမ်းများကိုလည်း ပေးအပ်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ People Choice Award ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ 


Photo:အကယ်ဒမီရွှေကြိုမောင်မယ်

ယခုနှစ်မှာ ရွှေကြိုရွေးချယ်ခံရတဲ့ မောင်မယ်များအနေနဲ့ဆုငွေများ ရရှိမှာ ဖြစ်သလို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) သင်ကြားတဲ့ သရုပ်ဆောင်သင်တန်း၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို ကိုင်ဆောင်တဲ့သူကို ၂၀၁၂ ခုနှစ်အထိ အကယ်ဒမီဗန်းကိုင် လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။၂၀၁၄-၂၀၁၅ခုနှစ်ကစပြီး ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ မိန်းကလေးတွေသာမက ယောကျ်ားလေးတွေလည်း ပါဝင်လာတာဖြစ်တဲ့အတွက် အကယ်ဒမီ ရွှေကြိုမောင်၊မယ်များ ဆိုပြီးတော့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က