ဖြူးမြို့နယ်အတွင်းက အင်ပင်သာကျေးရွာမှာပါ။

ထူးအယ်လင်းက အင်ပင်သာကျေးရွာသူ၊ ကျေးရွာသားတွေအတွက် သွားရေးလာရေး လွယ်ကူအောင် လမ်းတံတားပြုပြင်ရေးအလှူဆောင်ရွက်ခဲ့ပါတယ်တဲ့။ ဒီအလှူအတွက် ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြပါတယ်။

Photo: Htoo El Lynn

အဆိုတော် ထူးအယ်လင်းနဲ့ ဆိုင်ကယ်ချစ်သူများ အဖွဲ့ဟာ ဖြူးမြို့နယ်အတွင်းမှာ သွားလာရခက်ခဲလှတဲ့ အင်ပင်သာကျေးရွာအတွက် လမ်းတံတားပြုပြင်ရေးတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

‘’ ဒီနေ့ အင်ပင်သာရွာ အလိုတော်ပြည့်စေတီ ထီးတင်ခြင်းအစီအစဉ်နှင့် အင်ပင်သာကျေးရွာ ကျေးလက်ဆက်သွယ် သွားလာရေးတံတား တည်ဆောက်ရာမှာ မြေကြီးကားတစ်စီး ၁ သောင်းနှုန်းဖြင့် အစီး ၁၆၅ စီးစာ တစ်ဆယ့်ခြောက်သိန်းငါးသောင်း လှူဒါန်းခဲ့ကြတယ်’’ လို့ ဆိုပါတယ်။

Photo: Htoo El Lynn

ဒီအလှူအတွက် ရင်ထဲက ခံစားချက်ကိုလည်း ထူးအယ်လင်းက ပြောပြလာပါတယ်။ အဲဒီနောက် ကျေးရွာသူ၊ ကျေးရွာသားတွေအတွက် ပျော်ပျော်ပါးပါး ပိုက်ဆံတွေလည်း ကြဲလှူခဲ့တာကို တွေ့ရပါတယ်။

‘’ဝမ်းသာတယ် ပီတိဖြစ်တယ်။ ကျေနပ်တယ်။ ဒါပါပဲ။ ခုနှစ်ရက်သားသမီး(ရာဟုသားသမီးအပါ) အလှူရှင်များ၏ ဒါန၊ ကုသိုလ်ကို နတ် လူ ဘီလူး ကုသိုလ်အမျှရကြပါစေ ။ သာဓု သာဓု သာဓုပါဗျ’’ ဆိုပြီးတော့ ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ကြပါတယ်။ ထူးအယ်လင်းရဲ့ အလှူကို ပရိသတ်တွေကလည်း ဝမ်းမြောက်ဝမ်းသာ သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။


Photo: Htoo El Lynn

ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးလုပ်ဖို့ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင်လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: Htoo El Lynn

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေ သတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ထပ်လည်း ပြုပြင်ဖို့လိုအပ်နေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီပုထိုးတွေ မှာလည်း ပါဝင်ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။



က္က