ကဒ်ခေါင်း(၁၀)ကဒ်စာအတွက်ပါ လှူဒါန်းခဲ့ပါသေးတယ်တဲ့။

အကယ်ဒမီမျိုးသန္တာထွန်း နဲ့ သားဖြစ်သူ မျိုးမောင်မောင် တို့ဟာ မွေးနေ့ အလှူလေးကို နာရေးကူညီမှုအသင်းမှာ ကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်။ 

Photo: Myo Myo



သရုပ်ဆောင် မျိုးသန္တာထွန်းကတော့ သူမရဲ့ တစ်ဦးတည်းသော သားလေး မျိုးမောင်မောင်ရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ နာရေးကူညီမှုအသင်းမှာ အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ 

" မောင်မျိုုးမောင်မောင် မွေးနေ့ အာဟာရဒါန မွန်မြတ်အလှူ။ ရန်ကုန်မြို့နေ အလှူရှင် ဦီးသန်းညွန့် + ‌ဒေါ်မျိုးသန္တာထွန်း (ရုပ်ရှင်သရုပ်ဆောင်) တို့၏ သား - မောင်မျိုုးမောင်မောင် အသက်(၂၈) နှစ်ပြည့် မွေးနေ့အလှူအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နံနက်ခင်းစာ " မုန့်ဟင်းခါး" ဖြင့်အာဟာရဒါနကျွေးမွေးလှူဒါန်းပါသည်" ဆိုပြီးတော့ နာရေးကူညီမှုအသင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သြဂုတ်လ ၁၄ ရက်နေ့ညနေ ၂ နာရီကျော်က တင်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Kyaw Thu

မျိုးသန္တာထွန်းနဲ့ သားဖြစ်သူ မျိုးမောင်မောင်တို့ ပြုလုပ်ပေးခဲ့တဲ့ အာဟာရဒါနအလှူအတန်းနဲ့ ပတ်သက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာ့ဝန်ထမ်းများ ၊ စေတနာ့လုပ်အားပေးအသင်းသား၊ အသင်းသူများကလည်း ကျေးဇူးအထူးတင်စကားဆိုခဲ့ပါတယ်။ အဲဒီနောက် ကဒ်ခေါင်း (၁၀) ကဒ်စာ အတွက် လိုအပ်တဲ့ ငွေကြေးကိုလည်း လှူဒါန်းခဲ့ပြန်သေးတယ်လို့ သိရပါတယ်။ 

" နာရေးကူညီမှုအဖြစ် ကဒ်ခေါင်း(၁၀)ကဒ်စာအတွက် အလှူငွေ (၅၀,၀၀၀)ငါးသောင်းကျပ်တိတိအား ထပ်မံလှူဒါန်းခဲ့ပါသည်။ (၇)ရက်သားသမီးအပေါင်း စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် ရောဂါကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်၍ ပျော်ရွှင်စရာနေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေ ..." ဆိုပြီးတော့လည်း ဆက်လက် ဆုတောင်းပေးခဲ့ပါတယ်။ 

Photo: Myo Zaw Htet

မျိုးသန္တာထွန်းရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အကယ်ဒမီဆုတွေလည်း ရရှိဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးဘက်ကို ပိုပြီးတော့ ဦးစားပေးနေတယ်လို့ သိရပါတယ်။ အေးချမ်းသာယာဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က