သနားပါတယ်။
Ei Ei Myat

လုပ်သင့်လုပ်ထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဦးစားပေးရင်းနဲ့ သားလေးနဲ့ အချိန်တော်တော်ကြာကြာဝေးခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

Photo : ဆုပန်ထွာ

ဆုပန်ထွာကတော့ အလုပ်ကိစ္စနဲ့ အမေရိကကို ရောက်နေတာ (၂)လနီးပါးလောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။လုပ်သင့်လုပ်ထိုက်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဦးစားပေးရင်းနဲ့ သားလေးနဲ့ အချိန်တော်တော်ကြာကြာဝေးခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

“မထင်မှတ်ပဲ America မှာကြာသွားတဲ့အချိန် ကိုယ့်ကလေးကိုမြင်ပြီး မဖက်ရတဲ့ဘဝ တော်တော်ဆိုးခဲ့တာကိုး။ ကလေးနဲ့မထင်မှတ်ဘဲအကြာကြီးခွဲရတာမို့ လောကကြီးရဲ့လှည့်ကွက်တွေ၊ကိုယ်မထင်မှတ်ထားတာတွေကလူ့ဘဝမှာ အသက်ကြီးလာတာနဲ့အ မျှရင်နှင့်ရင်းပြီးရတဲ့ ဘဝအတွေ့အကြုံတွေပါပဲ”လို့ ဆုပန်ထွာက ပြောပါတယ်။

Photo : ဆုပန်ထွာ

သူမပြန်လာတဲ့အချိန် လေဆိပ်မှာလာကြိုတဲ့ သားလေးကိုကြည့်ပြီး ခံစားရတဲ့ ခံစားချက်တွေကိုယခုပြောထားပါသေးတယ်။

“သားနဲ့တွေ့တဲ့အချိန် မအေကိုအံ့သြပြီးကြည့်နေတဲ့သားလေး။ မေမေ ဆိုပြီးကိုယ့်ဆီပြေးလာပြီးဖက်ထားလိုက်တာများ၊ သနားပါတယ်။သူ့ခင်ဗျာနှာရေတေကျ၊သိပ်နေမကောင်းရှာဘူး။နုတ်ခမ်းလေးတွေလည်းခြောက်လို့။ ပိန်သွားလိုက်တာများ တွေ့တဲ့အချိန်ရင်ထဲမှာဆို့နေတာပဲ။ သူ့ကိုဖက်ထားမိတာမလွှတ်ရက်ဘူး” ဆိုပြီး နိုဝင်ဘာ(၁၆)ရက်နေ့ မနက်ပိုင်းက တင်ထားတာတွေ့ရပါတယ်။

Roar Roar လေးက တော့ သူမပြန်ရောက်လာကတည်းက သူမကို မျက်စိအောက်က အပျောက်မခံနိုင်ဘဲ အရိပ်တကြည့်ကြည့် ကြည့်လို့နေတယ်လို့ ဆိုပါတယ်။

Photo : ဆုပန်ထွာ

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။

Photo : ဆုပန်ထွာ

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။


က္က