သူမရဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။

မိုးယုစံကတော့ သားနှစ်ယောက် မေမေ ဖြစ်တော့မှာမို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: My Dream



သရုပ်ဆောင် မိုးယုစံကတော့ လက်ရှိမှာ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ်။ ဒုတိယမြောက် ရင်သွေးလေးက သားလေးလို့ သိရတဲ့ အချိန်မှာ ဝမ်းသာနေမိတယ်လို့ သူက ဆိုပါတယ်။ 

"အမှတ်တရဆိုတာ ဖန်တီးမှရတာဆိုတော့ သားသားလေးတွေတစ်ချိန်ပြန်ကြည့်လို့ရအောင် အမှတ်တရလုပ်ဖြစ်တာပါ သားနှစ်ယောက်ဆိုတော့လည်း မာမီမျက်နှာပွင့်တာပေါ့။ thanks" ဆိုပြီးတော့ စက်တင်ဘာလ(၄) ရက်နေ့ ညနေ (၄) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

မိုးယုစံဟာ အိမ်ထောင်ကျပြီးကတည်းက ရင်သွေးလေး(၂) ယောက်ယူဖို့ ဆုံးဖြတ်ထားပြီးသားလို့ ဆိုပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်သွားမယ်လို့ မိုးယုစံက Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူမရဲ့ သားကြီး Austin ကလည်း သြဂုတ်လ၂၁ ရက်နေ့က အသက်(၃) နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ 

Photo: My Dream

မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကိုတော့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သားလေးကို အိမ်ခေါ်နာမည် အင်္ဂလိပ်နာမည်အဖြစ် Austin လို့ နာမည်ပေးထားပြီး မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူလို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ Austin လေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က