We Love တွေက စီစဉ်ပေးခဲ့တာပါတဲ့။

တိုင်ရွန်ကတော့ သူ့ရဲ့ မွေးနေ့ မှာ အမာခံပရိသတ်တွေနဲ့ အတူတူ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူ့အတွက် အထူးခြားဆုံး မွေးနေ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Nyi Nyi Naing



သရုပ်ဆောင် တိုင်ရွန်ကတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့မှာ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူတူ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ မွေးနေ့အလှူကိုတော့ အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ လှူခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အတွက် အထူးခြားဆုံး ပီတိအဖြစ်ဆုံး မွေးနေ့နေ့ထူးနေ့ရက်လေး တစ်ရက်အဖြစ် ဖြတ်သန်းနိုင်ခဲ့ပါတယ် ကျွန်တော့်ရဲ့ we love မိသားစုများ နှင့်အတူ လှိုင်သာယာမြို့နယ်ရှိ အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ရှိတဲ့ မိဘမဲ့ ကလေးငယ်များ စာသင်ကျောင်းသားများ စုစုပေါင်း ၄၀၀ ကျော်လောက်ကို နေ့လည်စာ ကျွေးမွေး စာရေးကိရိယာများ မုန့်များ သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်ထည်း အင်အားနဲ့လည်း မနိုင်ပါဘူး။ မအားတဲ့ အတွက် we love တွေ စီစဉ် ပေးကြတာပါ၊ အရမ်းကျေးဇူးတင်ပါတယ်" လို့ သူကဆိုပါတယ်။

Photo: Nyi Nyi Naing

အောင်ချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာတော့ မိဘမဲ့ကျောင်းသားပေါင်း ၄၀၀ ကျော်ရှိတယ်လို့ တိုင်ရွန်က ပြောပါတယ်။ ဒီစာသင်ကျောင်းကိုလည်း အလှူရှင်တွေ သွားရောက်လှူဒါန်းစေချင်တယ်လို့ ဆိုပါတယ်။

"ဒီကျောင်းလေးက နွမ်းပါးလွန်းတဲ့အတွက် အခြားမိဘမိတ်ဆွေများ သွားရောက်လှူဒါန်းစေလိုပါတယ် ဒီနေ့ အလှူမွေးနေ့ပွဲလေးကို ပါဝင်ကူညီကြတဲ့ အယောက်စီတိုင်းကို ကျေးဇူး အထူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ။ အားလုံးကျန်းမာချမ်းသာကြပါစေ ဘဝဆက်တိုင်း အလှူ တူတူပြုလုပ်ခွင့်ကြုံရပါစေ" ဆိုပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Nyi Nyi Naing

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Photo: Nyi Nyi Naing

တိုင်ရွန်ဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူဟာ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က