ကြည်နူးစရာလေး။

ချစ်စနိုးဦးတို့စုံတွဲကတော့ ဒီနေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကို အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါသေးတယ်။

photo : ဥက္ကာကျော်

သရုပ်ဆောင် ချစ်စနိုးဦးတို့ စုံတွဲကတော့ ဒီနေ့(အောက်တိုဘာ၂၀ ရက်) အလံပြဘုရားကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ကြပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဖိတ်ကြားထားတဲ့ ဧည်သည့်တော်တွေနဲ့ အနုပညာရှင်တွေ များစွာ တက်ရောက်ခဲ့ကြတာလည်း တွေ့ရပါတယ်။ အဆိုတော် ဖိုးသားနဲ့ချစ်စနိုးဦးတို့ဟာ အောက်တိုဘာ၁၆ရက်နေ့မှာ နှစ်ဖက်မိသားစု စုံစုံလင်လင်နဲ့ lotte Hotel တွင် မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

photo : ဥက္ကာကျော်

ချစ်စနိုးတို့ စုံတွဲကတော့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ(၂၆) ရက်နေ့ Novotel Hotel မှာပြုလုပ်မှာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲ ကိုတော့ နိုဝင်ဘာ(၂) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဦးရဲ့ ချစ်သူကတော့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ ရပ်တည်နေပြီး ပရိသတ်တွေသိတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

photo : ဥက္ကာကျော်

ချစ်စနိုးဦးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ဂီတအလုပ်ကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က