သူ့ရဲ့ ခံယူချက်တွေကို ပြောပြထားပါတယ်။

စိုင်းစိုင်းက အလုပ်အပေါ်မှာထားတဲ့ သူ့ရဲ့ ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ရလဒ်ကောင်း တစ်ခုဖြစ်လာဖို့အတွက် အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ရတာ ပိုကောင်းတယ်လို့ ဆိုပါတယ်။

Photo: Blue Sea



စိုင်းစိုင်းခမ်းလှိုင်ဟာ အလုပ်နဲ့ပတ်သက်လာရင် အမြဲတမ်း အလေးထားသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တာဝန်ယူရတဲ့ အလုပ်လုပ်နေရတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်ရှိနေမှ အောင်မြင်တယ်လို့ သူကဆိုပါတယ်။

‘’ငယ်ငယ်ကဘောလုံးကစားကြတဲ့အခါ နိုင်ချင်ကြတာမှန်ပေမယ့် အေး မင်းကိုငါတို့အရှုံးပေးတယ်။ မကန်တော့ဘူး ပြန်တော့ဆိုရင် ပျော်စရာမကောင်းတော့ဘူးလေ။ ကန်ကိုကန်ချင်တာ ကစားကို ကစားချင်တာ ကစားပြီးမှနိုင်ချင်တာ သာယာမှုက ကစားခြင်းမှာရှိနေတာ။ အဲဒီလိုပါပဲ ကိုယ်လုပ်တဲ့အလုပ်က လုပ်ဆောင်နေတဲ့အချိန်မှာ ပျော်သလား ဆိုတာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကိုယ့်အလုပ်ကိုကိုယ်ချစ်မြတ်နိုးတဲ့အခါ ပျော်ရွှင်မှုက နောက်ဆုံးရလဒ်မှာပဲရှိတာမဟုတ်ပါ။ ပွဲမှာ လူတွေအများကြီးနာမည်အော်ဟစ်တောင်းဆိုအားပေးတဲ့အခါမှာတော့ ပျော်ရွှင်မှုရဲ့ အထွဋ်အထိပ်လို့ ပြောလို့ရပါတယ်။ ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

သူကိုယ်တိုင်ကလည်း အောင်မြင်မှုဆိုတာ သီချင်းတွေ ဆိုနေရတဲ့အချိန်မဟုတ်ပါဘူးတဲ့။ ဂီတဟာ စိုင်းစိုင်းရဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် သီချင်းနေရင်၊ သီချင်းတွေဆိုပြီး တီးနေရရင် ကျေနပ်နေတယ်၊ ပျော်ရွှင်ပါတယ်တဲ့။

‘‘ဒါပေမယ့် ကျွန်တော့်ပျော်ရွှင်မှုက အောင်မြင်မှုတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ပါဘူး။ သီချင်းစရေးကတည်းကလည်း သာယာပါတယ်။ တီးနေတော့လည်းကျေနပ်တယ်။ ပွဲအတွက် ပြင်ဆင်အားထုတ်နေရတာလည်း အရသာပဲ။ အကြိမ်ကြိမ် အစမ်းလေ့ကျင့်နေရတာလည်း Feel ပဲ စီစဉ်နေရတာကို က စိတ်တက်ကြွစရာ။ အမှန်တကယ်ဝါသနာပါတဲ့အလုပ်ဆိုတာ Final Result အတွက်ကြိုးစားနေရတာမှန်ပေမယ့် Process တိုင်း Moment တိုင်းမှာ Pleasure ရှိနေတာမျိုးပဲဖြစ်ပါတယ်’’ လို့ ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က