မွန်ပြည်နယ် ရေဘေးသင့် ဒေသတွေအတွက် ကန်ခဲ့ကြတာပါ။
Sabal Thwin

အနုပညာရှင်များစုပေါင်းပြီး မွန်ပြည်နယ်မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကျင်းပရာမှာ အလှူငွေ သိန်း ၆၀၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo: Wai Min Maung

သြဂုတ်လ ၂၄ ရက်နေ့ က မွန်ပြည်နယ် ရေဘေးသင့် ပြည်သူတွေအတွက် အနုပညာရှင်များစွာတို့ စုပေါင်းပြီး ဘောလုံးပြိုင်ပွဲကျင်းပခဲ့တဲ့နေ့မှာတော့ အလှူငွေနဲ့ လက်မှတ်ဖိုး စုစုပေါင်း အလှူငွေ သိန်း၆၃,၄၆၃,၅၅၀ ကျပ် ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။

‘’ရေဘေး ရံပုံငွေဘောလုံးပွဲ မှ လက်ရှိစာရင်းအရ သိန်း ၆၃,၄၆၃,၅၅၀ ရရှိထားပါတယ်။ ၂၄ ရက်နေ့မနက်အထိ အလှူခံငွေ - ၄၂,၁၀၀,၀၀၀၊ လက်မှတ်ရောင်းရငွေ - ၁၀,၁၀၀,၀၀၀ ( လက်ကျန် လက်မှတ်နှင့် တိုက်စစ်ရန်လိုသေး )၊ အထူးတန်းပွဲကြည့်စင် အလှူခံငွေ - ၃,၀၅၈,၅၅၀၊၂၄ ရက်နေ့ ပွဲချိန်အတွင်း အလှူငွေ - ၈,၂၀၅,၀၀၀၊ စုစုပေါင်း - ၆၃,၄၆၃,၅၅၀။ မှတ်ချက် - အလှူငွေဘဏ်အကောင့်ထဲမှငွေများ မပါသေးပါ။ ရံပုံငွေပွဲ ကုန်ကျစရိတ် အတိအကျမရှင်းရသေးခင် သိန်း ၈၀ နီးပါ ထုတ်နှုတ်ပြီးပါက လှူဒါန်းနိုင်ငွေကို မကြာမီရက်ပိုင်းအတွင်း လှူဒါန်းသွားပါမည်။ Organized by Myanmar Media 7’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သြဂုတ်လ ၂၅ ရက်နေ့ မနက် ၈ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: RBV

အဲဒီနောက် အနုပညာရှင်များစွာနဲ့ နောက်ထပ် အလှူရှင်များစွာတို့မှ လှူဒါန်းခဲ့ကြတဲ့ အလှူငွေ စာရင်းတွေကိုလည်း ကိုဝေမင်းမောင်က ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။ နာမည်ကျော် အနုပညာရှင်များစွာတို့နဲ့ အတူ သူတို့ကို ချစ်တဲ့ အမာခံပရိသတ်တွေကပါ လှူဒါန်းခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

‘’၂၄ ရက်နေ့ပွဲချိန်အတွင်း အလှူငွေစာရင်း -စိုင်းစိုင်းခမ်းလှိုင် - သိန်း ၃၀၊ Our Princess Eaindra Kyaw zin အိန္ဒြာကျော်ဇင် အဖွဲ့ - ၁၀ သိန်း၊ Stella Seven - ၁၀ သိန်း၊ အေးမြတ်သူ - ၅ သိန်း၊ We Love ထွန်းထွန်း အဖွဲ့ - ၃ သိန်း ၅သောင်း ၊ We Love ပြေတီဦး - ၃ သိန်း၊ ဦးစည်သူအောင် -ဒေါက်တာခင်သီတာရီ ( အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေး) - ၃ သိန်း၊ သာကေတ မြို့နယ်ဘောလုံးဥက္ကဌ ဦးမျိုးထက်ပိုင် + ဒေါ်ဇာခြည်မင်းဝေ - ၃ သိန်း၊ ဖိုးချစ် ပရိတ်သတ်များအဖွဲ့ - ၂ သိန်း ၅ ထောင်၊ ရွှေရင်အေး ၊ သဲနန္ဒာစိုး - ၂ သိန်း

ဦးကျော် + ဒေါ်သိန်း (မြဝတီ မှ ဟန်ဇာမိုးဝင်း ပရိသတ် ) - ၂ သိန်း၊ အကယ်ဒမီ ရဲအောင် - ၂ သိန်း၊ အဆိုတော် နိုင်းဝမ်း သူငယ်ချင်းများ - ၂ သိန်း ၊ ယွန်းဝတ်လွှာအောင် - ၁ သိန်း ၅ သောင်း ၊ ဦးစိုးမိုး ( ဘောလုံးအဖွဲ့ချုပ် ) - ၁ သိန်း၊ Sun Far ( လေယဉ်လက်မှတ် ) - ၁ သိန်း ၊ ၂၀၁၈ ရွှေကြိုမောင်နှမများအဖွဲ့ - ၁ သိန်း၊ လက်ရှိစာရင်းထဲတွင် မပါခဲ့ပါက အလှူရှင်များ အကြောင်းကြားပေးပါဦးဗျ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားခဲ့ပါတယ်။

Photo: Wai Mom Maung

ဒီ ဘောလုံးပြိုင်ပွဲမှာတော့ လာရောက်အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေဆီကို ကိုယ်တိုင်ကိုယ်ကျ အလှူခံခဲ့ကြတဲ့ အနုပညာရှင်တွေကတော့ ရန်အောင် ၊ ရဲအောင် ၊ သားညီ၊ ရဲရင့်အောင် ၊ အိန္ဒြာကျော်ဇင် ၊ သင်ဇာဝင့်ကျော် ၊ ဝါဆိုမိုးဦး ၊ အေသင်ချိုဆွေ ၊ စံရတီမိုးမြင့် ၊ နန်းသူဇာ ၊ ယုသန္တာတင် ၊ Bobby Soxer ၊ နေခြည်ဦး ၊ ခင်ဝင့်ဝါ ၊ ရွှေသမီး ၊ နန်းခင်ဇေယျာ ၊ ရတနာဗိုလ် ၊ သျှားထွဋ်အိန္ဒြာ ၊ ဧငြိမ်းဖြူ ၊ နှင်းပွင့်ဧကရီ ၊ ပိုးကြာဖြူခင် ၊ ပိုးမမှီသာ၊ မေတိုးခိုင် ၊ နော်ဖောအယ်ထာ ၊ ကူးကူးဇင်အောင် ၊ သဲနန္ဒာစိုး ၊ဝေလာရီ ၊ နှင်းသွေးယုအောင် ၊ သီရိကျော် ၊ ထွဋ်မြတ်ရွှေရည် ၊ သဉ္ဇာ ၊ဝမ်ဝမ်း တို့ ဖြစ်ကြပါတယ်။

Photo: Wai Min Maung , Aye Zaw Moe

နောက်ထပ်လည်း ၄ သင်းပတ်လည် ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့မှာရှိတဲ့ မန္တလာသီရိ ဘောလုံးကွင်းမှာ စက်တင်ဘာလ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့ဆိုပြီး ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။ ဒီ ဘောလုံးပွဲမှာတော့ အနုပညာရှင်ပေါင်း အယောက် ၉၀ ကျော်က ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီ အယောက် ၉၀ ကျော်ဟာ  Movie FC ၊ Music FC ၊ Forever FC အသင်းနဲ့ Model FC အသင်း စတဲ့ ၄ သင်းတို့မှာ ပါဝင် ကစားကြမယ့် အနုပညာရှင်တွေဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က