Sabal Thwin

လင်းလင်းဟာ သိန်းထောင်ပေါင်းများစွာတန်တဲ့ ကျောက်စိမ်းတုံးတွေ အောင်ခဲ့လို့ အလှူတွေ ပိုလုပ်ရတော့မှာတွေးပြီး ပျော်ရွှင်လို့နေပါတယ်။ ဒါကလည်း မိသားစုဝင်တွေလိုပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေကြောင့်ပါတဲ့။

Photo: Lin Lin

အဆိုတော်လင်းလင်းဟာ အပေါင်းအသင်းတွေအပေါ် ထားတတ်တဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ သူဟာ ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ကံကောင်းမှုတွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’အပေါင်းအသင်းဆိုရင် မိသားစုလိုပေါင်းတက်တဲ့ ကိုယ့်အတွက် မိသားစုဆန်တဲ့ အပေါင်းအသင်းတွေဟာ နှစ်ကာလများစွာ တွဲပါလာကြတာပေါ့။ တရားဝင်အခွန်ဆောင်ပြီး ကျောက်လော့ဒ်နှစ်လောဒ်ကို သူတို့က ပြိုင်ယူချင်တယ်။ ကိုယ်ကလည်း ဘာမှနားမလည်သော်လဲ ယုံကြည်မှုနဲ့ မ,တည် ပေးတယ်။ ဟော အခု Edit မလုပ်ထားတဲ့ ပုံတွေသာရှုစားကြည့်ပါတော့’’ ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Photo: Lin Lin

အလှူအတန်းနဲ့ ပတ်သက်ပြီး အမြဲတမ်း တက်တက်ကြွကြွရှိလှတဲ့ လင်းလင်းက အရင်တုန်းကထက် ပိုတဲ့ အလှူအတန်းတွေ လုပ်နိုင်တာကို ပျော်ရွှင်လို့နေပါတယ်။

‘’ကျွန်တော့်အတွက်တော့ လိုတာထပ်ပိုရှိလာတဲ့ အသပြာတွေကို နဂိုအလှူအတန်းတွေထပ် ပိုပြီးလှူနိုင်တာပါဘဲ။အဲဒီထပ်ပိုပြီးမဆန်းကြယ်။ ဘာဘဲပြောပြော ချစ်ဇနီးလေးကိုလဲ အရမ်းချစ်တယ်(ဟင် ဘာမှလဲမဆိုင်ဘူး ဟိဟိ)သိန်းထောင်ပိုင်းတွေလို့တော့ ပြောတာပဲ။ ဘာမှမလုပ်ရသေးတဲ့ အတုံးတွေလည်း အများကြီးကျန်သေး

ပျော်စရာမင်္ဂလာပါပဲ’’ လို့ ဆက်လက်ပြောပြလာပါသေးတယ်။

Photo: Lin Lin

လင်းလင်းဟာ ဇနီးဖြစ်သူ ချစ်သုဝေနဲ့အတး သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းဆိုတာကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်ကိုလည်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က