ထာဝရ အလှူရှင်တစ်ယောက်က မလှူဖြစ်တော့လို့တဲ့။

ဆေးကုသမှု ခံယူနေရတဲ့ ကစ်ကစ်အတွက် အလှူရှင်တွေ လိုအပ်လို့နေပါတယ်။ ကစ်ကစ်အတွက် လှူနေတဲ့ ထာဝရအလှူရှင် တစ်ယောက်ဟာ မလှူဖြစ်တော့တဲ့အတွက် ခင်သဇင်မှာ အလှူရှင် ထပ်ရှာလို့ နေရပါတယ်။

 

Photo : ခင်ရူပ

ဟာသသရုပ်ဆောင်ကစ်ကစ်အတွက် အမြဲတမ်း လှူနေတဲ့ ထာဝရအလှူရှင်ဟာ အကြောင်း အမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်တော့တာကြောင့် ခင်သဇင်တစ်ယောက် အလှူရှင် ထပ်ရှာလို့ နေရပါတယ်။ သရုပ်ဆောင် ခင်ရူပတို့ ဇနီးမောင်နှံက ကစ်ကစ်ရဲ့ သတင်းကိုကြားပြီး ထာဝရအလှူရှင်အဖြစ် လှူဒါန်းသွားဖို့ ကစ်ကစ်ကို အနီးကပ် စောင့်ရှောက်နေတဲ့ ခင်သဇင်ဆီ အကြောင်းကြားလာခဲ့ပါတယ်။

“မကစ်ရဲ့ ထာဝရ အလှူရှင် တစ်ဦးဖြစ်သူ သည် အကြောင်းကြောင်းအမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်ပါသောကြောင့် အချိန်မီ ထပ်မံ ရှာဖွေခဲ့ ရာ မော်ဒယ် နှင့် သရုပ်ဆောင် ညီမလေး ခင်ရူပ တို့ ဇနီးမောင်နှံသည် မကစ် ကျောက်ကပ် ဆေးအလှူအတွက် လစဉ် ၁ လ (တစ်သိန်း) ပေးလှူရန် ရာသက်ပန် ဆုံးဖြတ်ချက်ချပြီးပေးလှူလိုက်တဲ့အတွက် အထူးကျေးဇူးတင် ဂုဏ်ပြုပါသည်” ဆိုပြီး သြဂုတ်လ(၁၄) ရက်နေ့က ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo : ကစ်ကစ်

သရုပ်ဆောင် ခင်ရူပတို့ ဇနီးမောင်နှံလည်း ဒီထက်မက သာယာပျော်ရွှင်သော အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ကြီးပွားတိုးတက်ပါစေဆိုပြီး ခင်သဇင်က ဆုတောင်းပေးထားပါသေးတယ်။ဆက်လက်ပြီးတော့ ခင်သဇင်က ကစ်ကစ်အတွက် ထာဝရ အလှူအဖြစ် လှူဒါန်းမယ်ဆိုပါက လိုအပ်တာလေး ပြောပြထားပါသေးတယ်။

“ထာဝရ အလှူရှင် ဖြစ်လိုသူများသည် မကစ် သက်ရှိထင်ရှား ရှိစဉ် ကာလ အထိ ၁ လ လျှင် ၁ သိန်းကျပ် လစဉ် မပျက်မကွက်ပေးလှူရမှာ ဖြစ်သည့် အတွက် သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ သာလျှင် ထာဝရ အလှူရှင် အဖြစ် လှူဒါန်းရန် ဆုံးဖြတ်ပေးပါရန် အထူး မေတ္တာ ရပ်ခံ ပါရစေရှင် ။မဟုတ်ရင် လူနာ အတွက် အခက်အခဲလေးတွေ ဖြစ်လာလို့ပါ” ဆိုပြီး ရေးသားထားပါတယ်။

Photo : ကစ်ကစ်

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

ခင်သဇင်က ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ရှောက်ပေးပြီး တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က