ကျွန်တော့်အတွက် Surprise ဖြစ်ရတဲ့ Fan စစ်စစ်ပါ။

မိုးအောင်ရင်ဟာ သူ့ရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်တဲ့ မဇင်အိခိုင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မသန်စွမ်းကလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ မိုးအောင်ရင် ကို အားပေးမှုတွေက အံ့သြမဆုံးနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

Photo: Moe Aung Yin



မိုးအောင်ရင်ကတော့ သူ့ကို ၁၀ နှစ်ကျော်ကြာတဲ့အထိ အားပေးလာခဲ့တဲ့ အမာခံပရိသတ်တစ်ဦးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ဆီမှာ မရှိတဲ့ အမှတ်တရဓာတ်ပုံတွေတောင်မှ ညီမလေးဆီမှာ ရှိနေလို့ အရမ်း အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။

‘’ အခု သူပျော်နေတာ မြင်တော့ ကျွန်တော်အရမ်းပျော်တယ်။ သူ့ဆီကိုလာတာကလည်း ကျွန်တော်ပျော်ဖို့ထက် ညီမလေး ပျော်ဖို့အတွက် ကျွန်တော် ရောက်လာတာပါ။ သူ့ဆီမှာရှိတဲ့ ဓာတ်ပုံတစ်ပုံပေါ့။ ကျွန်တော်တောင် မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာက Gel ကြော်ငြာလားမသိဘူးရိုက်တာ ကျွန်တော့်ရဲ့ ပထမဆုံးအနုပညာခြေလှမ်းလို့လည်း ပြောလို့ရတယ်။ မိုးအောင်ရင်တောင် မဖြစ်သေးတဲ့ အချိန်တုန်းက ရိုက်ခဲ့တဲ့ပုံပါ။ အဲဒီပုံကို ဘယ်တုန်းက ဘယ်လိုရှာတွေ့ခဲ့တဲ့ မသိဘူး။ အဖေတောင်မှ ဖုန်းနဲ့ ဓာတ်ပုံ ပြန်ရိုက်ခဲ့ရတဲ့ ပုံတွေ အများကြီးရှိတယ်။သူ့ဆီကတောင် အခွေတွေလည်း ပြန်ငှားရမယ့် သဘောမျိုးရှိတယ်။ ဒီ ညီမလေးက ‘’မေမေချစ်တဲ့ သားကြီး’’ဆိုတဲ့ ဇာတ်ကားကနေစပြီး ကျွန်တော့်ကို အားပေးတာ။ ဒီကားက ကျွန်တော် ဇာတ်ကားစရိုက်ရိုက်ချင်း ၁ ကနေ ၅ အထိကြားထဲမှာရှိတဲ့ ဇာတ်ကားပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း အင်တာဗျူးတွေ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Moe Aung Yin

အမာခံပရိသတ်ညီမလေးရဲ့ အိမ်ကို မိုးအောင်ရင် ရောက်သွားတဲ့ အချိန်မှာတော့ အရမ်းကို Surprise ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမာခံပရိသတ်လေးလည်းဖြစ်၊ မသန်မစွမ်းတစ်ယောက်လည်းဖြစ်တာကြောင့် ညီမလေးရဲ့ အားပေးမှုကို ကူညီပေးခဲ့ကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါသေးတယ်။

‘’ကျွန်တော့်ရင်ထဲက ခံစားချက်ကတော့ အရမ်း Surprise ဖြစ်တယ်။ အစကတည်းကလည်း ဒီအခွေတွေရှိတယ်ဆိုတာကို ပြောထားပြီးသားပါ။ ဒါပေမယ့် နောက်ထပ်ဘာကို ပို Surprise ဖြစ်သလဲဆိုတော့ တီဗီမှာ သူ့ဘာသာသူ လုပ်ထားတဲ့ Program လေးတစ်ခုပေါ့။ ကျွန်တော်နဲ့ သူ့ပုံလေးတွေကို ဗီဒီယိုလေးလုပ်ထားတာမျိုး၊ ပြီးတော့ နံရံမှာ ကပ်ထားတဲ့ ကျွန်တော့်ပုံလေးတွေကို အိမ်ပြောင်းတာတောင် သူက ပေးမခွာဘူး။ ဒီ နံရံလိုက်ကြီး ဖြုတ်ပြောင်းဖို့ဆိုတာကလည်း တော်တော်မလွယ်တဲ့ အလုပ်။ ဒါကလည်း မိဘတွေက တော်တော် ပံ့ပိုးပေးထားမှ ဒါကလည်းဖြစ်နိုင်မှာဆိုတော့ ညီမလေးရဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်တစ်ယောက် ဗီဒီယို ဇာတ်ကား စရိုက်ကတည်းက ဇာတ်ကားတွေလည်း အမာခံပရိသတ်လေးဆီမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

‘’အမာခံပရိသတ်အစစ်ကြီးပါ။ ပိုဆိုးတာက ဘာမှ အပြစ်ပြောစရာမရှိဘူး။ အကုန်လုံးက ကျွန်တော် အံ့သြသွားစရာတွေချည်းပဲ။ ကျွန်တော့်မှာတောင် အကြောင်းအမျိုးမျိုးကြောင့် အခွေမရှိတော့ဘူး။ နောက်ပိုင်းကျန်တဲ့ ဇာတ်ကားတွေဆိုရင်လည်း လပ်ကီးဆဲဗင်းကို အခွေလေးပြန်ထုတ်ပေးပါဦးဆိုပြီးတော့ ပြောရတယ်။ အဲဒီအခါကျရင် ကာဗာမပါတော့ဘူး အခွေအလွတ်ကြီးအတိုင်းပဲပေါ့။ ဒီညီမလေးမှာက ကာဗာကအစ အကုန်ရှိတယ်။ ဒါမျိုးက တော်တော်မလွယ်တာပါ’’ ဆိုပြီးတော့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်ရဲ့ အမာခံပရိသတ်လေး မဇင်အိခိုင်ကလည်း သူကိုယ်တိုင် အားပေးချစ်ခင်ရတဲ့ သရုပ်ဆောင်နဲ့ တွေ့ဆုံခွင့်ရတာကြောင့် အရမ်းကို ပျော်နေခဲ့တာတွေ့ရပါတယ်။ မိုးအောင်ရင်ဟာ အနုပညာလောကထဲကို တီဗီကြော်ငြာတွေရိုက်၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရင်းကနေ ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာသူဖြစ်ပေမယ့် ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်လိုမျိုး ဂီတအလုပ်တွေ မလုပ်ပဲ သရုပ်ဆောင်အလုပ်ကိုသာ တစိုက်မတ်မတ် ဆောင်ရွက်နေခဲ့တာပါ။ အနုပညာအလုပ်တွေနဲ့ နှစ်အနည်းငယ် အလှမ်းကွာဝေးခဲ့ပေမယ့် ၂၀၁၉ ခုနှစ်အတွင်းက စလို့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီလို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က