သင်္ကြန်အမှတ်တရ ကိတ်လေးတွေ၊ စကားဝါပန်းလေးတွေ ပေးထားကြတာပါ။

အိန္ဒြာကျော်ဇင်က သူမရဲ့ အမာခံပရိသတ်လေးတွေကြောင့် အမြဲတမ်းပျော်ရွှင်ရတဲ့အကြောင်းတွေ ပြောလာပါတယ်။ အခုလည်း သင်္ကြန်အမှတ်တရ လက်ဆောင်လေးတွေကြောင့် ကြည်နူးရပြန်ပါပြီတဲ့။

Photo: Eaindra KZ



အိန္ဒြာကျော်ဇင်က သူ့ကိုချစ်ကြတဲ့ အမာခံပရိသတ်လေးတွေဖြစ်တဲ့ Our Princess Eaindra Kyaw Zin အဖွဲ့က ပေးတဲ့ လက်ဆောင်လေးတွေကြောင့် ဝမ်းသာပျော်ရွှင်နေပါတယ်။ သူမအတွက် ဒီ ပရိသတ်လေးတွေက အမြဲအမှတ်တရတွေ လုပ်ပေးတတ်တယ်လို့ ပြောပြထားပါတယ်။

‘’ သင်္ကြန်အမှတ်တရအနေနဲ့ပို့ပေးလိုက်တဲ့ ဖလားကိတ်လေးရယ် စကားဝါပန်းလေးတွေရယ် မုန့်လုံးရေပေါ်ရယ် အရမ်းကြိုက်မှကြိုက်။ ပေးလည်း ပေးတတ်တဲ့ သူတို့လေးတွေ၊ အမြဲတမ်းခေါင်းထဲမှာရှိပေးတဲ့၊ ဘယ်နေ့မဆို အမြဲအမှတ်တရလေးတွေပေးတတ်တဲ့ ချစ်သောသူများ “OPEDKZ” အားလုံးကို ကျေးဇူးပါနော်’’ဆိုပြီးတော့ ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။ အဲဒီနောက် Our Princess Eaindra Kyaw Zin အဖွဲ့ကပေးတဲ့ အမှတ်တရ လက်ဆောင်လေးတွေကိုလည်း ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါသေးတယ်။

Photo: Eaindra KZ

အိန္ဒြာကျော်ဇင်ရဲ့ အနုပညာသက်တမ်းကတော့ အနှစ် ၂၀ ကျော်ပြီဖြစ်ပါတယ်။ သူမကိုဟာ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။


Photo: Eaindra KZ

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က