သူမရဲ့ ပီတိစကားကို အခုလို ပြောပြလာပါတယ်။

နေခြည်ဦးကတော့ အမေများ အိမ်ရာအတွက် မိသားစုဝင်တွေနဲ့ စုပေါင်းပြီး ကုသိုလ်အလှူလေး လုပ်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: Beautyby Naychi



သရုပ်ဆောင် နေခြည်ဦးကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူလေး တစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁၅) ရက်နေ့မှာတော့ သူမဟာ အမေများ အိမ်ရာမှာ နေထိုင်တဲ့ ဝါရင့် အနုပညာရှင်ကြီးများအတွက် အသုံးအဆောင် ပစ္စည်းများနဲ့ ကျန်းမာရေး ထောက်ပံ့ငွေများ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

"အမေတို့ အမေများအိမ်ရာ အတွက် သမီးရယ်၊ သမီးမိသားစုရယ်၊ Beautybynaychi Team ရယ် စုပြီး Covid ကာလ အခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ ခြင်ထောင်၊ နဲ့အတူ လိုအပ်တာလေးတွေအတွက် အလှူငွေ ဆယ်သိန်း လှူခဲ့ပါတယ်။ လူစုလူဝေး ရှောင်နေရတဲ့အချိန်မို့ ကိုယ်တိုင်မလာနိုင်တာလည်း နားလည်ပေးပါနော်။ နောက်တစ်ခေါက် သမီးချစ်ရတဲ့ chillies တွေနဲ့ စုပေါင်းပြီး အလှူလာလုပ်ဦးမယ်နော် အမေ။ မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင် ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနှင့်အမေများအတွက် ချစ်သမီးနေခြည်ဦး" ဆိုပြီးတော့ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်က သူ့ရဲ့ Beautybynaychi Facebook Page မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Beautyby Naychi

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးနဲ့ အောင်ရဲလင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Music Series လေးက ပရိသတ်ကြားမှာ ရေပန်းစားလို့နေပါတယ်။ ဒီ Music Series လေးကတော့ အဆိုတော် ထက်ယံ သီဆိုထားတဲ့ " ချစ်လိုက်" ၊ " မင်းထက် နိဗ္ဗာန်ကို မလိုချင်" ၊ " ကျေနပ်လား" စတဲ့ Music Series လေး ဖြစ်ပါတယ်။ ဒီ Music Series လေးတွေမှာတော့ နေခြည်ဦးနဲ့ အောင်ရဲ လင်းတို့ရဲ့အတွဲသရုပ်ဆောင်မှုတွေကို ပရိသတ်အများစုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: Beautyby Naychi

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က