တံတိုင်းကြီး တစ်ခုလိုတဲ့။

ခင်ဇာခြည်ကျော်ကတော့  သူမဟာ သားသမီးတွေအတွက် တံတိုင်းကြီးတစ်ခုပါပဲလို့ ဆိုပါတယ်။ အသက်ရှင်နေသ၍ ကာကွယ်ပေးမယ့် အမေတစ်ယောက်ပါတဲ့။

Photo : ခင်ဇာခြည်ကျော်



Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သားနဲ့သမီးကို ပြုစုစောင့်ရှောက်နေတဲ့ အမေတစ်ယောက်ပါ။ ဝေဖန်တိုက်ခိုက်မှုတွေ ရှိလာရင်လည်း သားနဲ့သမီးရှေ့က တံတိုင်းကြီးတစ်ခုလို ကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။

အ မေ ဆိုတာ သားသမီး တွေ ရှေ့က မားမား မတ် မတ် ရပ် တည် ပေး မယ့် တံတိုင်း ကြီး တစ်ခု ပါ ...!! Single Mother တစ် ယောက် ရဲ့ သားသမီးမို့ က လေး တွေ ရဲ့ရှေ့က ကျွန်မ အသက် ရှင် နေ သ ရွေ့ပို ၍ ကာကွယ် ပေး နေ မယ့် အ မေ တစ် ယောက် ပါရှင် ...” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂၇) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ခင်ဇာခြည်ကျော်

ခင်ဇာခြည်ကျော်မှာတော့ မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ ချစ်စရာကောင်းတဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလဟာ ပညာရေးမှာလည်း ကြိုးစားနေသလို သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက် လုပ်နေတာတွေ့ရပါတယ်။

Photo : ခင်ဇာခြည်ကျော်

သရုပ်ဆောင် ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေလကို အနုပညာအလုပ်ထက် ပညာတတ်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ အခုခေတ်က ပညာမတတ်ရင် လူရာမဝင်တာကြောင့် ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်ဆိုပြီး သားဖြစ်သူအပေါ် ဖြစ်စေချင်တဲ့ ဆန္ဒလေးကို ပြောပြလာတာပါ။

“အမက တော့ ပညာရေးကို ဦးစားပေးတာပေ့ါ။ ပညာရေးပြီးတော့မှ အနပညာအလုပ်ကို လုပ်ပေ့ါ။ ဒီခေတ်က ပညာမတတ်ရင် လူရာမဝင်ဘူးလေ။ အရင်ကနဲ့ မတူတော့ဘူး။ အဲ့ဒါကြောင့် ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်။ ကျောင်းနားနေတဲ့ အချိန်လေးမှာတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်လေးတွေ လုပ်ပေ့ါ” ဆိုပြီး Duwun media သို့ ပြောပြခဲ့တာပါ။

Photo : ခင်ဇာခြည်ကျော်

င်ဇာခြည်ကျော်ဟာ လက်ရှိမှာ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပြီး သားနဲ့သမီးလေးကို ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ သားဖြစ်သူ ဘုန်းမင်းနေလက စင်ကာပူမှာ ကျောင်းတတ်ရင်း ကျောင်းပိတ်တဲ့အချိန်လေးမှာ မြန်မာနိုင်ငံပြန်လာပြီး အနုပညာအလုပ်လေးတွေ စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က