သူမရဲ့ အတွေးလေးကို အခုလို ပြောပြလာပါတယ်။

သန္တာလှိုင်ကတော့ အသက်အရွယ်ကြီးလာတဲ့ အချိန်မှာ သားသမီးတွေအတွက် ကျန်းမာသန်စွမ်းတဲ့ မိခင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 

Photo: Thandar Hlaing



သန္တာလှိုင်ဟာ အခုချိန်မှာ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သားသမီးတွေအတွက် သူ့စိတ်ကူးထဲက အတွေးတစ်ခုကို အခုလို မျှဝေခဲ့တာ တွေ့ရပါတယ်။ 

"သူတို့လေးတွေ ကြီးသွားကြတာ မြန်လိုက်တာ။ မေမေ အသက်ကြီးသွားတဲ့ တစ်ချိန်ကျရင် သားနဲ့ သမီးကို ဝန်ထုပ်ဝန်ပိုးကြီး မဖြစ်စေချင်လို့ နောက်ဆုံးအချိန်ထိ ကျန်းမာသန်စွမ်းပြီး ကိုယ်အားကိုယ်ကိုးနိုင်တဲ့ သားသမီးတို့နဲ့ အချိန်ဖြုန်းနိုင်တဲ့ မေမေဖြစ်အောင် အခုကတည်းက ကျန်းမာရေး အသိတွေလေ့လာပြီး အကောင်းဆုံးဖြစ်အောင် နေနေပါတယ်နော်။ အမေတစ်ယောက်ရဲ့ အတွေး" ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Thandar Hlaing

သန္တာလှိုင် ကိုယ်တိုင်ကလည်း သူမရဲ့ မိခင်အပေါ် တာဝန်ကျေတဲ့ သမီးတစ်ယောက်ဖြစ်ခဲ့သူပါ။ အခုချိန်ထိလည်း ကျန်းကျန်းမာမာရှိနေသေးတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နေတယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အမေ နဲ့အတူ ဘဝမှာ ကြည်နူးစရာကောင်းတဲ့ အမှတ်တရတွေအများကြီး ရှိတယ်လို့ သူကဆိုပါတယ်။ 

Photo: Thandar Hlaing

သန္တာလှိုင်ဟာ လက်ရှိမှာ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး သားသမီးတွေအတွက် ဂုဏ်ယူထိုက်တဲ့ မိခင်တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ ကွဲပြီးနောက်မှာလည်း သားနဲ့သမီးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူဖြစ်သလို ယခုလက်ရှိမှာလည်း အစစအရာရာနားလည်မှု အပြည့်ပေးနိုင်ပြီး သားသမီးတွေနဲ့လည်း အဆင်ပြေတဲ့ ဒုတိယ အိမ်ထောင်နဲ့ သာယာပြည့်စုံတဲ့ ဘဝသစ်တစ်ခုထူထောင်နေသူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က