သူအရမ်းကြိုက်တဲ့ အဆိုတော်ထုတ်ထားတဲ့ ဖိနပ်လေးပါ။

အဆိုတော် ကျားပေါက် ကိုယ်တိုင် ထုတ်ထားတဲ့ ဖိနပ်လေး လက်ဆောင်ရလို့ စန္ဒီမြင့်လွင်တစ်ယောက် ပျော်လို့နေပါတယ်။ အဆိုတော် ဟန်ထူးလွင် ကိုယ်တိုင် ထုတ်ထားတဲ့ ဖိနပ်လေးပါ။

Photo; စန္ဒီမြင့်လွင်



အဆိုတော် စန္ဒီမြင့်လွင်ကတော့ သူအရမ်းကြိုက်တဲ့ အဆိုတော် ဟန်ထူးလွင် ကိုယ်တိုင် ထုတ်ထားတဲ့ဖိနပ်လေး လက်ဆောင်ရလို့ ပျော်နေပါတယ်။ စန္ဒီမြင့်လွင် လက်ဆောင်ရထားတဲ့ ဖိနပ်လေးက Bipolarbear ဖိနပ်လေးပါ။ သူအကြိုက်ဆုံးအဆိုတော် ထုတ်တဲ့ ဖိနပ်မို့လို့ တန်ဖိုးထားပြီး စီးပ့ါမယ်ဆိုပြီး ပြောထားပါသေးတယ်။

“အရမ်းလိုချင်နေတဲ့ဖိနပ်လေးရပါပီ ကိုယ်အကြိုက်ဆုံးအဆိုတော်ထုတ်တဲ့ဖိနပ်မို့ပိုတန်ဖိုးထားပီးစီးပါ့မယ် Thank you ko kyar & ma zone” ဆိုပြီးဧပြီ(၂၃) ရက်နေ့က စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo; စန္ဒီမြင့်လွင်

Bipolarbear ဖိနပ်လေးဟာ အဆိုတော် ဟန်ထူးလွင်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ထားတဲ့ ဖိနပ်လည်း ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က လက်ရှိမှာ ကိုယ်ဝန်လ(၆)လကျော်ထဲမှာ ရောက်နေပြီဖြစ်တာကြောင့် သီချင်းတွေ သိပ်မဆိုဖြစ်တော့ဘူးလို့ ဆိုပါတယ်။

သမီးလေးကိုယ်ဝန်လွယ်ထား ရတဲ့အတွက်လည်း စန္ဒီမြင့်လွင်တစ်ယောက် အရမ်းပျော်လို့နေပါတယ်။စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။

Photo; စန္ဒီမြင့်လွင်

နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီး နောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က